1446 - 1450

192 20 0
                                    


Super God Gene (1446)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၄၄၆)
-------- --------- -------- ------- -------
" ဟန်ဆန်း ဘာတွေလုပ်နေလဲ... ပြီးတော့ သူ ဘာတွေဖြစ်သေးလဲ... ''

ချင်းလီက ရဲတိုက်ထဲကို လမ်းလျှောက်ဝင်သွားရင်း သိုးကို မေးလိုက်တယ်။

သိုးက ဝိညာဉ်ကို ကြည့်ပြီး "သူ့ဦးနှောက်မှာ ပြဿ     နာတွေရှိတယ်၊ ကျနော်တို့က သူ့ကို မော-င်းထု-တ်ပစ်ရမယ်၊ သူ့လို ဦးနှောက်မကောင်းတဲ့လူကို ထားလို့ ကျနော်တို့အတွက် အကျိုးမရှိဘူး၊ သူ့လိုလူတယောက်က ဒီနေရာကို ထိန်းချုပ်ပြီး လည်ပတ်နေတာက ကျနော်တို့တွေမှာ ဦးနှောက်မရှိရာရောက်တယ်''လို့ အလိုက်သင့်ပြန်ဖြေခဲ့တယ်။

" ဟုတ်တာပေါ့၊ ဟုတ်တယ်၊ သူက အရမ်းဉာဏ်တုံးလာတယ်၊ အခုဆို မိန်းမနဲ့ယောက်ျား ခြားနားချက်ကိုတောင် မသိတော့ဘူး၊ သူ့ကို ကျွန်တယောက်အဖြစ်တောင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး "

နွားစိမ်းက ဝင်ထောက်ခံလိုက်တယ်။

" ဒါက ဖြစ်နိုင်တယ်၊ အခု သူဘယ်ရောက်နေလဲ၊ သိလား "

ချင်းလီက မေးလိုက်တယ်။

" ဘယ်သူသိသလဲ၊ တခါတလေ သူက လမ်းကြိုလမ်းကြားတွေမှာ လျှောက်သွားနေတာ၊ အိမ်တကာဝင်ပြီး စားကြွင်းစာကျန်တွေလဲ တောင်းစားသေးတယ်၊ အသားမရှိတဲ့ အရိုးတွေကျွေးလဲ သူက စားတာပဲ ''

သိုးက ပါးစပ်ထဲ တွေ့ရာ လျှောက်ပြောလိုက်တယ်။

ချင်းလီဟာ နွားစိမ်းနဲ့သိုးတို့ပြောတာကို ကြားပြီးတဲ့နောက် ဟန်ဆန်းအကြောင်း နောက်ထပ် ဘာမှ မသိချင်တော့ဘူး။

" ဒါဆို အခု ရဲတိုက်ကို ဘယ်သူခေါင်းဆောင်နေလဲ ''

နွားစိမ်းနဲ့သိုးဟာ တကောင်ကိုတကောင် ကြည့်ပြီး ပြိုင်တူနီးပါး ပြောလိုက်ကြတယ်။

'' အခု သခင်လေးက ကျနော်တို့ရဲ့အကြီးအကဲပါ "

" အေး... မင်းတို့တော်တယ်... ငါမေးတာက ငါမရောက်ခင် ဘယ်သူက အကြီးအကဲလဲ "

ချင်းလီက သူတို့နှစ်ကောင်ကို   စေ့စေ့ကြည့်ပြီး မေးလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now