1556 - 1560

141 13 0
                                    

Super God Gene (1556)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၅၆)
-------- --------- -------- ------- ------
အဲဒီလူတွေရဲ့ခေါင်းဆောင်က သံလက်သီးရှီဒါအိုဖြစ်ပုံရတယ်။

ဟန်ဆန်းဟာ နတ်သွေးနှောလူသားအသင်းကို ဝင်ရောက်ခဲ့တုန်းက သူနဲ့ ပြဿ     နာတက်ခဲ့တယ်။

" ဒီနေ့ကံမကောင်းပါလား၊ မတွေ့ချင်တဲ့ လူနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေရတယ်  ''

ဟန်ဆန်းက တွေးလိုက်တယ်။

ရှီဒါအိုဟာ ညာလက်မှာ သံလက်အိတ်စွပ်ထားတယ်။ အဲဒီလက်အိတ်ဟာ မျိုးရိုးဗီဇအဆီအနှစ်ဖြစ်ပုံရတယ်။ သူ လက်သီးတချက်ထိုးလိုက်တိုင်း သန္ဓေပြောင်းသားရဲရဲ့အကြေးခွံပေါ်မှာ လက်သီးရာတွေထင်ကျန်ခဲ့တယ်။

သူ့အဖော်တွေကတော့ အတော်လေးအားနည်းတယ်။ သူတို့ဟာ သားရဲရဲ့အကြေးခွံတွေကိုတောင် ထိခိုက်အောင် မလုပ်နိုင်ကြဘူး။ အခု သူတို့ဟာ သန္ဓေပြောင်းသားရဲကို မျိုးရိုးဗီဇအဆီအနှစ်ဓားတွေနဲ့ ဝိုင်းခုတ်နေကြတယ်။ သားရဲကတော့ ဖြုံတဲ့ပုံတောင် မပေါ်ပါဘူး။

သန္ဓေပြောင်းသားရဲရဲ့ပုံသဏ္ဌာန်က နည်းနည်းကိုးရိုးကားရားနိုင်တယ်။ ခန္ဓာကိုယ်က လိပ်နဲ့တူပေမဲ့ အခွံမရှိဘူး။ အခွံအစား အကြေးခွံတွေနဲ့ ဖုံးအုပ်ထားတယ်။

ရှီဒါအိုရဲ့မျိုးရိုးဗီဇအဆီအနှစ်က ကျောက်မျက်ဖြစ်ပုံရတယ်။ လက်အိတ်စွပ်ထားတဲ့ ညာလက်သီးနဲ့ ထိုးလိုက်တဲ့အခါ အကြေးခွံဟာ အက်သွားတယ်။ အက်ရာဟာ ခြောက်လက်မလောက်နက်တယ်။ အက်ရာထဲကနေ သွေ းတွေစိမ့်ထွက်နေပြီး အထဲက အသားတွေကိုတောင် မြင်ရပါတယ်။

သန္ဓေပြောင်းသားရဲဟာ အခု အလွန်ဒေါသထွက်နေပြီး လူတွေကို သွေ းရူးသွေ းတန်း တို က်ခို က်နေတယ်။ အဲဒါက သူတို့ရဲ့ဝိုင်းဝန်းတိုက်ခိုက်တဲ့ပုံစံကို ထိခိုက်စေခဲ့တယ်။ 

" ဟေ့လူတွေ... အကူအညီလိုလား... လိုရင်ပြော "

ဟန်ဆန်းက သူတို့ဆီကို ချဉ်းကပ်သွားရင်း အော်မေးလိုက်တယ်။ လောလောဆယ်တော့ မကူညီသေးပါဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now