1321 - 1325

186 18 0
                                    


Super God Gene (1321)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၂၁)
-------- --------- -------- ------- -------
ဟန်ဆန်းဟာ တတိယနတ်ဘုရားကမ္ဘာကို ပြန်သွားခဲ့တယ်။ သူ့အပေါင်းအဖော်တွေကို ရန်သူတွေ ချဉ်းကပ်လာမှာမို့ သတိရှိရှိနေကြဖို့ တပ်လှန့်ထားခဲ့တယ်။ ဒီအချိန်က ပေါ့ပေါ့တန်တန်နေရမဲ့အချိန်မဟုတ်ပါဘူး။ 

ရက်အနည်းငယ်ကြာပြီးနောက် ဟန်ဆန်းနဲ့ချဲ့ချင် စကားပြောနေတုန်း ရဲတိုက်ဆီကို အရိပ်တရိပ်ချဉ်းကပ်လာတာကို မြင်လိုက်ရတယ်။ အဲဒီအရိပ်က တောင်တတောင်လောက်ကြီးမားပြီး ထိတ်လန့်တုန်လှုပ်ချောက်ချားဖွယ်ကောင်းတယ်။

'' ဘုံး ''

ဧရာမအရိပ်ကြီးဟာ အဆောက်အအုံကြီးတခုကို တက်နင်းချလိုက်တယ်။ အရိပ်ကြီး ခြေတလှမ်းစီလှမ်းတိုင်း ချိုင့်ကြီးတခုစီ ဖြစ်ကျန်ခဲ့ပါတယ်။

" နတ်ဘီလူးဧကရာဇ်ရောက်ပြီ... အသတ်အဖြတ်နတ်ဘုရားရဲ့ကလေး... အခုထွက်ခဲ့စမ်း... ''

ဝိညာဉ်ရဲ့အသံဟာ အလွန်အောပြီး အလွန်ကျယ်တယ်။ သူစကားပြောတဲ့အခါ အသံကြီးဟာ ဟိန်းထွက်လာပြီး ပဲ့တင်ထပ်သွားတယ်။ ကြာလိုက်ရတဲ့သူတွေဟာ ရင်တွေတုန်သွားခဲ့ကြတယ်။

" ဟေး... မင်းအသံက ကျယ်အားကြီးတယ်၊ တုံးနည်းနည်းလောက် လျှော့လိုက်၊ ငါတို့က နားမပင်းဘူး ''

ချဲ့ချင်က ချက်ချင်းတုံ့ပြန်ပြောဆိုလိုက်တယ်။

နတ်ဘီလူးဧကရာဇ်က သူတို့နဲ့စကားပြောဖို့ ခေါင်းငုံ့လိုက်တယ်။ ဒါပေမဲ့ သူက အင်မတန်ကြီးမားတာကြောင့် သူခေါင်းငုံ့လိုက်တာက မိုးမျှော်တိုက်ကြီးတတိုက် ရုတ်တရက်ပြိုကျသွားတာနဲ့ ဆင်တူနေပါတယ်။

" ငါက ညင်ညင်သာသာ အသက်ရှူ ပြီး အေးအေးဆေးဆေး ပြောတာပါကွာ၊ မင်းမခံနိုင်ရင် နားပိတ်ထားပေါ့ ''

နတ်ဘီလူးဧကရာဇ်က ပြန်ပြောလိုက်တယ်။ ပြီးနောက် ချဲ့ချင်ကို မျက်နှာချင်းဆိုင်ပြီး တံတွေးနဲ့ထွေးလိုက်တယ်။ နတ်ဘီလူးဧကရာဇ်ရဲ့ တံတွေးစက်တွေက ချဲ့ချင်အပေါ်ကို မိုးသီးတွေကြွေသလို ကျရောက်လာတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now