1601 - 1605

151 8 0
                                    

Super God Gene (1601)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၀၁)
-------- --------- -------- ------- ------
ဟန်ဆန်းဟာ အကြိမ်များစွာ ထပ်မံကြိုးစားကြည့်ခဲ့တယ်။ ဒါပေမဲ့ ကျောက်သလင်းဖိနပ်ကို ချွတ်လို့ မရခဲ့ဘူး။  

ခဏကြာပြီးနောက် သဲကြွက်တကောင်ဟာ အရောင်တောက်မြေအောက်ရေကန်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ကျွန်းကို ရောက်ရှိသွားပါတယ်။

ကျွန်းဟာ အလွန်သေးငယ်ပြီး စတုရန်းပေနှစ်ထောင်လောက်ရှိတယ်။ ကျွန်းအလယ်မှာ အသီးသီးနေတဲ့သစ်ပင်တပင်ရှိပါတယ်။

သစ်ပင်ဟာ သိပ်မကြီးဘူး။ သာမန်သစ်တော်သီးပင်တပင်နဲ့တူတယ်။ အပင်ဟာ ဆယ်ပေလောက်မြင့်ပြီး အသီးသုံးလုံးပဲ ရှိပါတယ်။ အသီးအချို့က ခူးယူပြီးသားဖြစ်နိုင်ပါတယ်။

တလုံးမှာ အစိမ်းရောင်၊ နောက်တလုံးမှာ အနီရောင်နဲ့ တတိယတလုံးမှာ အဝါရောင်ဖြစ်ပါတယ်။ အသီးတွေဟာ တလုံးနဲ့တလုံး အရောင်မတူတာဟာ အံ့ဩစရာကောင်းပါတယ်။

အစိမ်းရောင်အလုံးက မရင့်သေးဘူးပဲထား၊ အနီရောင်နဲ့အဝါရောင်အလုံးတွေက ဘာလဲ။ ဘယ်အလုံးက ပိုရင့်သလဲ။

" ကျွန်းကို အရင်သွားကြမယ် "

ဟန်ဆန်းက အခုလောလောဆယ် ကျောက်သလင်းဖိနပ်ကို ချွတ်လို့ မရတာကြောင့် ကျွန်းကို အရင်သွားဖို့ ဆုံးဖြတ်လိုက်ပြီး ကြယ်ကလေးကို ကျွန်းကို ပျံသန်းခွင့်ပြုလိုက်ပါတယ်။

ဟန်ဆန်းဟာ ကျောက်သလင်းဖိနပ်ကို ချွတ်လို့ မရပေမဲ့လုံးဝ မစိုးရိမ်ခဲ့ပါဘူး။ စူပါဝိညာဉ်ဧကရာဇ်အသွင်က ကျောက်သလင်းဖိနပ်အပေါ် အကျိုးတစုံတရာသက်ရောက်မှုရှိနေတဲ့အတွက် ဖိနပ်ချွတ်မရတဲ့ပြဿ     နာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ မဖြေရှင်းနိုင်ရင်လဲ နောက်ဆုံးခြေထောက်ကို ဖြတ်ပစ်လိုက်ရုံပါပဲ။ ငွေမြေခွေးလေးရဲ့ကုသနိုင်စွမ်းနဲ့ဆို သူ့ခြေထောက်ဟာ ပြန်ပေါက်လာပါလိမ့်မယ်။

ကြယ်ကလေး ကျွန်းကို ပျံသန်းသွားတဲ့အခါ အတော်လေး နောက်ကျနေပါပြီ။ ကျွန်းကို ရောက်သွားတဲ့သဲကြွက်က အပင်ပေါ်တက်ပြီး အဝါရောင်အလုံးကို ကိုက်လိုက်ပြီဖြစ်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now