1166 - 1170

202 19 0
                                    


Super God Gene (1166)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၆၆)
-------- --------- -------- ------- -------
" ဘာအခွင့်အရေးလဲ "

ဟန်ဆန်းက နဂါးဘုရင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တယ်။ 

“ မင်းအတွက်လဲ အခွင့်အရေးရှိတယ်၊ မင်းလက်ခံရဲလား၊ ငါသိချင်တယ် "

" ဘာအခွင့်အရေးမို့လဲ "

ဟန်ဆန်းက အဲဒါဟာ မသေမျိုးဧကရာဇ်နဲ့ ဆက်နွှယ်နေတယ်လို့ မှန်းဆမိပေမဲ့ ဘယ်လိုဆက်နွှယ်နေတယ်ဆိုတာကိုတော့ လုံးလုံးမသိပါဘူး။

နဂါးဘုရင်က မသေမျိုးရဲတိုက်ကို ဖြိုသင့်တယ်လို့ အကြံပြုလာရင်တော့၊ တောင်းဆိုလာရင်တော့၊ သူ့အဖြေရဲ့ နောက်ကွယ်မှာ တစုံတရာ ရှိနိုင်ပါတယ်။

" မင်းပြောလိုက်တာ သစ်ကြားသီးပင်ဟုတ်လား၊ တကယ်တော့ အဲဒီအပင်ကို ကောင်းကင်သစ်ပင်လို့ ခေါ်တယ်၊ ဧကရာဇ်အဆင့် မျိုးရိုးဗီဇသစ်ပင်ပဲ၊ ကောင်းကင်ဘုရင်က အဲဒါကို အဆင့်တက်တဲ့ နေရာမှာ အသုံးပြုတယ် ”

နဂါးဘုရင်က ဆက်ပြောလိုက်တယ်။

" ငါပြောခဲ့တဲ့ တိုက်ပွဲမှာ သစ်ပင်သေသွားပြီလို့ ယူဆလို့ ရတယ်၊ မင်းပြောပုံအရဆို သစ်ပင်မှာ အသက်အားရှိတဲ့ပုံ မပေါ်ဘူး၊ အဲဒါက သစ်ပင်သေသွားပြီလို့ ညွှန်ပြနေတယ်၊ လောလောဆယ်တော့ သူက သစ်ပင်ကို ပြန်ရှင်အောင် ကြိုးစားနေတယ်လို့ ငါထင်တယ်၊ သူဘာလုပ်နေလဲဆိုတာ ငါသိနေသလိုပဲ၊ ဒါပေမဲ့ ဒီလောက်အထိ လုပ်ထားနိုင်တဲ့အတွက် သူ့ကိုတော့ ချီးကျူးရမှာပဲ "

'' ငါ့အတွက် အခွင့်အရေးက ဘာလဲ ''

ဟန်ဆန်းက မျက်မှောင်ကြုတ် ကာ မေးလိုက်တယ်။

“ ငါ့အထင်ပြောရရင် သူက မူရင်းကောင်းကင်သစ်ပင်ထဲမှာ နောက်ထပ်ကောင်းကင်သစ်ပင်တပင် စိုက်နေတာ၊ ဒီလိုကိစ္စတွေဆိုတာက နှစ်သန်းနဲ့ချီပြီး အချိန်ယူရတယ်၊ တစ်စက္ကန့်ချင်း ကြီးထွားနေဖို့ သေပြီးသားအပင်ရဲ့ အကြွင်းအကျန်တွေကို အသုံးပြုရတယ်၊ အခုသူသုံးနေတဲ့ နည်းက ကပ်ပါးစိုက်ပျိုးနည်းပဲ ”

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now