1266 - 1270

183 23 0
                                    


Super God Gene (1266)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၆၆)
-------- --------- -------- ------- -------
ဟန်ဆန်းဟာ ငါးဘုရင်ကို ဟန့်တားဖို့ အချိန်နှောင်းသွားပြီလို့ သိလိုက်တယ်။ အဲဒါကြောင့် ငါးဘုရင်ကို အကောင်းဆုံးဘယ်လိုကူညီပေးရမလဲလို့ပဲ ချက်ချင်းစဉ်းစားလိုက်ပါတယ်။

ရွှေရောင်အလင်းတန်းတခုဟာ ရေကန်ဆီကို အလျင်အမြန် ချဉ်းကပ်လာနေတယ်။ အဲဒါကြောင့် ကန်ရေပြင်ဟာ မငြိမ်မသက်ဖြစ်နေပါတယ်။

'' သူ့ကို တားလိုက်ရမလား ''

ယာရှာက ဧကရီကို မေးလိုက်တယ်။

'' မတားနဲ့၊ ကျမ သူ့ကို စောင့်ကြည့်အုံးမယ် ''

" ကျနော်တို့က သူ့ကို သတ်မလား "

ငါးဘုရင်ပေါ်လာတာနဲ့...၊ ဧကရီဟာ ငါးဘုရင်ကို လက်ဦးမှုယူပြီး သတ်ပစ်လိမ့်မယ်လို့ ယာရှာထင်ခဲ့တယ်။

" လောလောဆယ် မလိုသေးဘူး၊ ငါးဘုရင်နဲ့ ရေနွယ်ပင်... သူတို့ချင်း အရင်တိုက်ပါစေ၊ သူတို့တွေ အရှုံးအနိုင် ပေါ်သွားမှ ကျမတို့ ဝင်ပါမယ် ''

ဧကရီက အစီအစဉ်ကို ရှင်းပြလိုက်တယ်။

ယာရှာက ဘာမှပြန်မပြောဘဲ မြွေရာဇပလ္လင်ဘေးမှာ ဧကရီနဲ့အတူ သက်သောင့်သက်သာထိုင်နေတဲ့ လူကိုပဲ တချက် ဖျတ်ခနဲ ကြည့်လိုက်တယ်။ အဲဒီလူကြောင့် သူ့စိတ်တွေ မကြည်မလင် ဖြစ်နေပါတယ်။

ဧကရီဟာ အစက ငါးဘုရင်ကို ဖမ်းဆီးဖို့ ရည်ရွယ်ထားပေမဲ့လဲ ဂူထဲကလူက သူမကို တခုခုပြောခဲ့တာကြောင့် သူမဟာ စိတ်ပြောင်းသွားခဲ့ပါတယ်။

ယာရှာဟာ အဲဒီလူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိပါဘူး။ သူ့ကို တစုံတရာက  တခုခုလုပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့လဲ သူဘာမှမလုပ်ခဲ့ပါဘူး။ သူဟာ ဧကရီကို အမျက်ဒေါသထွက်အောင် မလုပ်ချင်ပါဘူး။ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး အန္တရာယ်ကိုလဲ မဖိတ်ခေါ်ချင်ပါဘူး။

ငါးဘုရင်ဟာ ရေကန်ထဲကနေ ထွက်လာပြီး သူ့ရှေ့တည်းတည့်က ကန်စပ်ကို တချက်စိုက်ကြည့်လိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now