1301 - 1305

180 18 0
                                    


Super God Gene (1301)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၀၁)
-------- --------- -------- ------- -------
အခု သူတို့ဟာ ပြေးဖို့ အရမ်းနောက်ကျသွားခဲ့ပြီ။ ညဧကရီဟာ အလွန်ဒေါသထွက်နေပြီး လက်တဖက်ဝှေ့ယမ်းကာ သားရဲတွေနဲ့ဝိညာဉ်တွေကို အမှောင်နဲ့ ဖုံးအုပ်ပစ်လိုက်တယ်။

သူတို့ဟာ အမှောင်ကို လက်ကျန်စွမ်းအားတွေနဲ့ တွန်းလှန်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ သူ့တို့ရဲ့စွမ်းအားတွေကို အမှောင်ထုက အလွယ်တကူ ဝါးမျိုသွားခဲ့တယ်။ အဲဒါကြောင့် သူတို့ရဲ့ခုခံမှုဟာ အချည်းနှီးဖြစ်ခဲ့ရတယ်။

သိပ်မကြာခင်မှာပဲ အမှောင်ဟာ သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဆာလောင်နေတဲ့သားရဲတကောင်လို ဝါးမျိုပစ်ခဲ့တယ်။
-------- --------- -------- ------- --------
" ဒီလောက်နဲ့တက်မလာနဲ့... မင်းတို့လှည့်ကွက်တွေကို ငါမြင်ပြီးသား... ဟားဟားဟား... "

နိုးဂေါ့ဧကရာဇ်က အော်ရယ်လိုက်ပြီး ညဧကရီကို ဓားနဲ့ တက်ခုတ်ခဲ့တယ်။ သူဟာ မာနကြောင့် အမှန်တရားကို မမြင်နိုင်ခဲ့ဘူး။ ပြီးတော့ နတ်သွေးနှောတွေဟာ စတုတ္ထနတ်ဘုရားကမ္ဘာကနေ တတိယနတ်ဘုရားကမ္ဘာကို  ဆင်းလာနိုင်တယ်ဆိုတာကိုလဲ မယုံခဲ့ဘူး။ ဒါတွေအားလုံးဟာ ကြာပန်းဧကရီက အရိပ်ကိုယ်ပွားကို သုံးပြီး လှည့်စားနေတာလို့ပဲ သူထင်ခဲ့ပါတယ်။ 

ညဧကရီဟာ နိုးဂေါ့ဧကရာဇ် သူမဆီချဉ်းကပ်လာတာကို မြင်ပေမဲ့ ဂရုမစိုက်ပါဘူး။ သူမဟာ သူ့ကို စိုက်ကြည့်ပြီး အမှောင်နဲ့ ဖုံးအုပ်ပစ်လိုက်တယ်။ ခန်းမဟာ အခုချက်ချင်းမှောင်ပြီး အခုချက်ချင်းပြန်လင်းသွားပါတယ်။

အဲဒါတွေအားလုံးဟာ စက္ကန့်အနည်းငယ်အတွင်းမှာ အစပြု ပြီး စက္ကန့်အနည်းငယ်အတွင်းမှာ ပြီးဆုံးသွားပါတယ်။ အခုဆိုရင် ခန်းမရဲ့အနီးတဝိုက်မှာ ဘာအမှောင်မှ မရှိတော့ပါဘူး။ 
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်တယ်။ သားရဲတွေနဲ့ဝိညာဉ်တွေမရှိတော့ဘူး။ သူတို့ဟာ ထူးဆန်းစွာပဲ အမှောင်နဲ့အတူ ပျောက်ကွယ်သွားပါတယ်။

" သူတို့ဘယ်ရောက်သွားလဲ "

ဟန်ဆန်းက မေးလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now