1641 - 1645

111 9 0
                                    

Super God Gene (1641)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၄၁)
-------- --------- -------- ------- ------
ပေ့အာဟာ အနက်ရောင်နဲ့ခရမ်းရောင် မီးခိုးငွေ့တွေအားလုံးကို ဘူးသီးနဲ့ စုပ်ယူခဲ့တယ်။ ပြီးနောက် ပန်းကလေးကို ကောက်ချီပြီး နောက်ကို ခုန်ဆုတ်လိုက်တယ်။ ဒါပေမဲ့ မမြင်ရတဲ့နံရံနဲ့ တိုက်မိသွားပြီး သူတို့နှစ်ယောက်ဟာ ပြန်ကန်ထွက်လာခဲ့တယ်။ 

ပေ့အာရဲ့မျက်လုံးတွေဟာ မွေ့လည်သွားတယ်။ ပြီး သူမက ကြမ်းပြင်ကို ဆောင့်နင်းလိုက်တယ်။ ကြမ်းပြင်ဟာ ပေါက်ထွက်သွားပြီး ပထမထပ်မှာရှိတဲ့ စူပါမားကက်ကို မြင်တွေ့ခဲ့ရတယ်။ ဒါပေမဲ့လဲ ကြမ်းပြင်ရဲ့အပေါက်အောက်မှာ မမြင်ရတဲ့ကြမ်းပြင်တခုခံနေတာကြောင့် သူတို့နှစ်ယောက်ဟာ ပြုတ်ကျမသွားခဲ့ဘူး။

စူပါမားကက်ထဲမှာ လူတွေ လမ်းလျှောက်နေကြပေမဲ့ သူတို့အပေါ်မှာရှိတဲ့ အပေါက်ကြီးကို ဘယ်သူမှ သတိမပြုမိခဲ့ကြဘူး။ ဘာတွေဖြစ်နေတယ်ဆိုတာ ဘယ်သူမှသတိမပြုမိတဲ့အတွက် လမ်းလျှောက်ပြီး ပစ္စည်းတွေ ဝယ်နေတုန်းပါပဲ။
-------- --------- -------- ------- -------
" မင်းကို ငါပြောပြီးသားပဲလေ၊ ငါစန်းလော်ရဲ့ အပျောက်အကာအရံကို ကျော်လို့ မရဘူး၊ မင်းတို့ ဘာပဲလုပ်လုပ် အသုံးမဝင်ဘူး '' 

အမျိုးသမီးက ပေ့အာကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

" မင်းက အတော်စိတ်ဝင်စားစရာကောင်းတဲ့ အိမ်မွေးသားရဲဝိညာဉ်ပဲ၊ ဒါပေမဲ့ ဝမ်းနည်းစရာက မင်းအတွက် အချိန်မရှိတော့ဘူး၊ ဟန်ဆန်းပြန်လာရင် အခြေအနေတွေ ပိုရှုပ်ထွေးသွားလိမ့်မယ်၊ ဒီတော့ နောက်ဆုတ်သင့်တာပေါ့၊ ဒါပေမဲ့ မင်းကို သ-တ်ပြီးမှ နောက်ဆုတ်တော့မယ်၊ မင်းက အရမ်းချစ်ဖို့ ကောင်းတော့ သ-တ်ရမှာတောင် စိတ်မကောင်းဘူး၊ ဒါပေမဲ့ မင်းကို လှလှပပ ချက်ပြုတ်ပေးပါ့မယ် ''

" အစ်မကြီး... မောင်လေးကို ဘာဖြစ်လို့ လိုချင်တာလဲ၊ သူ့မှာ ကျမလို အသားတွေတောင် မရှိဘူး၊ အသားစားချင်တယ်ဆိုရင် ကျမကိုပဲ ခေါ်သွားလေ "

ပေ့အာက မျက်တောင်လေးတဖျပ်ဖျပ်ခတ်လျက် ပြောလိုက်တယ်။ 

အမျိုးသမီးက ဘာမှမပြောဘဲ လှောင်ပြုံးပြုံးလိုက်တယ်။ အနက်ရောင်နဲ့ခရမ်းရောင် မီးခိုးငွေ့တွေဟာ သူမဆီကနေ နောက်တခေါက် ထပ်ထွက်လာတယ်။ ဒီတခါတော့ ပေ့အာနဲ့ပန်းကလေးကို မတို-က်ခို-က်ဘဲ ခန္ဓာကိုယ်ကို ကြမ်းပြင်မှာ လှမ့်လိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now