1156 - 1160

201 21 0
                                    


Super God Gene (1156)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၅၆)
-------- --------- -------- ------- -------
နတ်ဘုရားကမ္ဘာကို ပြန်ရောက်တဲ့အခါ ဟန်ဆန်းဟာ အမိုးအကာမရှိတဲ့ အခန်းတခန်းထဲဝင်ပြီး နဂါးဘုရင်ကို ဆင့်ခေါ်လိုက်တယ်။ 

" ဒါဘာလဲ ခင်ဗျားသိလား "

ဟန်ဆန်းက ဒင်္ဂါးပြားကို ပြပြီး မေးလိုက်တယ်။

“ ဧကရီဒင်္ဂါးလား၊ မင်းဘယ်က ရလာတာလဲ "

နဂါးဘုရင်က ဒင်္ဂါးပြားကို ကြည့်ပြီး အထိတ်တလန့် ပြန်မေးလိုက်တယ်။

" ဒါက တန်ဖိုးတခုခုရှိလို့လား ”

ဟန်ဆန်းက ပြန်မဖြေဘဲ နဂါးဘုရင်ကို ပြန်မေးလိုက်တယ်။

နဂါးဘုရင်က ဒင်္ဂါးပြားကို စစ်ဆေးကြည့်ရှုပြီး ခဏအကြာမှာ ဟန်ဆန်းကို ပြန်ပစ်ပေးလိုက်တယ်။

" အဲ့ဒါဘာလဲ၊ တခုခုပြောအုံးလေ "

ဟန်ဆန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။ 

“ ဒါက ဧကရီဒင်္ဂါး၊ ဒါပေမဲ့ ဘယ်က ရလာတာလဲဆိုတာ ပြောပါအုံး ”

နဂါးဘုရင်က ခေါင်းခါပြီး ပြန်ပြောလိုက်တယ်။

" ကျနော်သိချင်တာကို အရင်ပြော၊ အဲဒါက ဘာလဲ "

ဟန်ဆန်းက နဂါးဘုရင်ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး မေးလိုက်တယ်။ သူဟာ ဂူတွင်းမှာ ကြောက်ခမန်းလိလိ တွေ့ကြုံခံစားခဲ့ရတာကြောင့် စိတ်အချဉ်အနည်းငယ်ပေါက်နေတယ်။ အဲဒါကြောင့် သူဟာ နဂါးဘုရင်နဲ့ စကားအချေအတင်ပြောနေဖို့ လုံးဝစိတ်မဝင်စားပါဘူး။

နဂါးဘုရင်က ပြုံးပြီး ပြောလိုက်တယ်။

“ ဒါက ထူးခြားတယ်၊ နှစ်စက္ကန့်လောက်နဲ့ ပြီးအောင် ပြောလို့ မရဘူး ''

ဟန်ဆန်းက ထိုင်ချလိုက်ပြီး နဂါးဘုရင်ကို မော့ကြည့်လိုက်တယ်။

နဂါးဘုရင်က ဟန်ဆန်းကို ကြည့်ပြီး ဟန်ဆန်းဟာ စိတ်ကြည်မနေဘူး၊ စိတ်တိုနေတယ်လို့ သိလိုက်ပါတယ်။ 

“ တတိယနတ်ဘုရားကမ္ဘာမှာ ဧကရာဇ်တွေအများကြီးရှိတယ်၊ အဲဒီလိုပဲ ဧကရီတွေလဲ အများကြီးရှိတယ်၊ ဧကရီထဲမှာ အကျော်ကြားဆုံးကတော့ ညဧကရီပဲ၊ မိစ္ဆာဧကရာဇ်တောင် သူ့ကို ကြောက်တယ် ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now