1411 - 1415

192 15 0
                                    


Super God Gene (1411)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၄၁၁)
-------- --------- -------- ------- -------
သခင်လေးလီသစ္စာဖော-က်တာကို ခံခဲ့ရတဲ့သူတွေဟာ အခုဆိုရင် အရို-းစုတွေထက် မပိုတော့ပါဘူး။ အဲဒါကြောင့် သူတို့ကို အရေးစိုက်ဖို့ မလိုတော့ပါဘူး။ သူတို့ဟာ အခုဆို မတ်တတ်တောင် မရပ်နိုင်ကြတော့ပါဘူး။

" ဒီကို လာပြီး မင်းေ-သွးကို ဖောက်လိုက်ပါ "

သခင်လေးလီက အေးစက်စက်အသံနဲ့ ပြောလိုက်တယ်။

'' ကျနော့်ေ-သွးကို ဖော-က်ပြီး ဘာလုပ်မလို့လဲ၊ ခေါ-င်းတလ-ားကို လောင်းဖို့လား၊ ခေါင်းတလားကို လောင်းလိုက်ရင် ခေါင်းတလားက ဘာဖြစ်သွားမလဲ ''

ဟန်ဆန်းဟာ ေ-သွးစ-စ်တ-ပ်ရဲ့အဖွဲ့ဝင်တယောက်အဖြစ် ဆက်လက်ဟန်ဆောင်ပြီး ေ-သွးစ-စ်တ-ပ်ခေါင်းဆောင်ရဲ့ အမျက်ဒေါသကို ရှောင်ချင်ပေမဲ့လဲ ေ-သွးကို ဖော-က်ထုတ်ပေးပြီးနောက် တခုခုဖြစ်မှာကိုလဲ စိုးရိမ်ခဲ့ပါတယ်။

သခင်လေးလီက ဟန်ဆန်းဆီကို လမ်းလျှောက်သွားပြီး ဟန်ဆန်းလ-ည်ပ-င်းကို လျှပ်တပြက် ကုတ်ဆွဲဖ-မ်းကာ ထိတ်လန့်စရာကောင်းတဲ့ ခေါ-င်းတလ-ားဆီ ဆွဲခေါ်သွားခဲ့တယ်။

သခင်လေးလီရဲ့ကုတ်ဖ-မ်းချက်က အရမ်းမြန်လွန်းတာကြောင့် ဟန်ဆန်းဟာ မရှောင်နိုင်ခဲ့ဘူး။

သခင်လေးလီရဲ့ဖ-မ်းချုပ်ကွက်က ဆန်းပြားတယ်။ သာမန်ဖမ်းဆီးပုံနဲ့မတူဘူး။ ဟန်ဆန်းဟာ လျှပ်စစ်စီးကြောင်းတွေ သူ့ခန္ဓာကိုယ်တလျှောက် ဖြ-တ်လျှောက်စီးနေသလို ခံစားလိုက်ရပြီး ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ရုတ်တရက် ဖ-မ်းချုပ်ခံခဲ့ရပါတယ်။

သခင်လေးလီက ဟန်ဆန်းကို ခေါ-င်းတလ-ားဖုံးပေါ် တွန်းချပြီး ဟန်ဆန်းရဲ့လ-ည်ပ-င်းကို ထိုးဖောက်ဖို့ နောက်လက်တဖက်ကို မြှောက်လိုက်တယ်။ ဆိုးရွားတဲ့အခြေအနေကို နားလည်သွားတဲ့ ဟန်ဆန်းရဲ့မျက်လုံးတွေဟာ ရုတ်တရက် ဖြူ သွားတယ်။ အနက်ရောင်ဆံပင်တွေဟာ နို့နှစ်ရောင်ပြောင်းသွားတယ်။ သူ့ခန္ဓာကိုယ်ဟာ လင်းလက်တောက်ပသွားပါတယ်။ အဲဒီနောက် သခင်လေးလီကို စူပါလက်ဝါးနဲ့ လျှပ်တပြက် ရို-က်ချလိုက်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now