1161 - 1165

190 20 0
                                    


Super God Gene (1161)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၆၁)
-------- --------- -------- ------- -------
ဟန်ဆန်းဟာ ကလေးယူဖို့ ကြိုးစားလျက် ဂျီရန်လန်နဲ့ ရက်အနည်းငယ်ကြာအောင် နေခဲ့တယ်။ နောက်တပတ်မှာတော့ ဟန်ဆန်းဟာ မြေအောက်ရဲတိုက်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

" နောက်ထပ်စူပါသားရဲတကောင်ကို ဘယ်မှာ သွားရှာရမလဲ "

ဟန်ဆန်းက သူ့ကိုယ်သူ မေးလိုက်တယ်။ 

ဟန်ဆန်းဟာ  တော်ဝင်ဝိညာဉ်ပိုင်ဆိုင်တဲ့ ရဲတိုက်တခုကို တကိုယ်တော် သွားရောက်တိုက်ခိုက်ဖို့ နည်းနည်းအားနည်းနေသေးတယ်လို့ သူ့ကိုယ်သူ ထင်မြင်မိပါတယ်။ နောက်ပြီး ဆူးတောအုပ်ထဲမှာ စူပါသားရဲတွေကို ရှာဖွေအမဲလိုက်ဖို့ကလဲ သူ့အတွက် နည်းနည်းခက်ခဲနေသေးတယ်လို့ ယူဆမိပါတယ်။

" အင်း... ချဲ့ချင်သာ ဒီမှာရှိရင် တော်ဝင်ဝိညာဉ်ရဲတိုက်တခုကို သိမ်းပိုက်ဖို့ဆိုတာ အသေးအဖွဲပဲ ''

ဟန်ဆန်းဟာ ချဲ့ချင်အကြောင်းကို စဉ်းစားလိုက်ပါတယ်။

ချဲ့ချင်ဟာ မြင့်မြတ်ဓားရဲတိုက်မှာ ရှိနေတုန်းပါပဲ။ သူနဲ့ အတူ လင်ဝေဝေလဲ အဲဒီမှာ ရှိနေတုန်းပါပဲ။ ဟန်ဆန်းအတွက် အခက်တွေ့နေတာက မြင့်မြတ်ဓားရဲတိုက်ဘယ်မှာရှိတယ်၊ အဲဒီကိုဘယ်လိုသွားရမယ်ဆိုတာတွေကို မသိတာပါ။
-------- --------- -------- ------- --------
မြေအောက်ရဲတိုက်ကို နှစ်ခါ တည်နေရာပြောင်းရွှေ့ပြီးနောက် ဟန်ဆန်းဟာ အသီးအနှံပေါတဲ့ နေရာတခုကို ရောက်ရှိသွားပါတယ်။

အဲဒီမှာ လက်သီးအရွယ်အစိမ်းရောင်အသီးတွေကို နေရာတိုင်းမှာ တွေ့ရပါတယ်။ ဝမ်းသာစရာကောင်းတာက အဲဒါတွေဟာ မျိုးရိုးဗီဇအပင်တွေပါ။ အပင်အများစုဟာ ရှေးဦးအဆင့်အပင်တွေဖြစ်နေပေမဲ့ အရေအတွက်ကတော့ မယုံနိုင်လောက်အောင် များပြားပါတယ်။

အဲဒါက ဟန်ဆန်းကို စိတ်လှုပ်ရှားစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနက်ရောင်ပုံဆောင်ခဲကို အသုံးပြုပြီး အသက်အားတွေကို စုပ်ယူပြီး တန်ဖိုးရှိတဲ့ ရေစက်တွေကို ထုတ်ပေးနိုင်တာကြောင့်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now