1451 - 1455

196 22 0
                                    


Super God Gene (1451)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၄၅၁)
-------- --------- -------- ------- -------
ဦးခေါင်းနီပုရစ်ဟာ တတ်နိုင်သလောက် ခက်ခက်ခဲခဲ ရုန်းကန်ရင်း သူ့ခေါင်းပေါ်က ပတ္တမြားဟာ နောက်ဆုံးမှာ စတင်တောက်ပလာတယ်။ အဲဒီနောက် သူ့ခေါင်းပေါ်မှာ တစုံတရာပေါ်လာပါတယ်။

ဟန်ဆန်းဟာ ဗြက်အကျယ်သုံးပေလောက်ရှိတဲ့ အနီရောင်လွှတချောင်းကို မြင်ရတယ်။ ကြည့်နေတုန်းမှာပဲ လွှက ချိန်းဆောတလက်လို လည်သွားပြီး သူ့ကို ရစ်ပတ်ထားတဲ့ စပျစ်နွယ်တွေကို လှီးဖြ-တ်နေတယ်။ လက်မောင်းလုံးလောက်တုတ်တဲ့ စပျစ်နွယ်တခုဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့တယ်။

ဟန်ဆန်းဟာ ထွ-က်ပြေ-းခဲ့တယ်။ အနီးအနားမှာ ဦးခေါင်းနီပုရစ်ကို တ-ားဆီးနိုင်မဲ့ တခြားသားရဲတွေမရှိဘူး။ အဲဒါကြောင့် ဒင်္ဂါးပြားကို ဆင့်ခေါ်ပြီး စွမ်းအင်တွေကို စုနေဖို့ အချိန်မရဘူး။ ဒီအခြေအနေမှာ ဦးခေါင်းနီပုရစ်ကို တို-က်ခို-က်ဖို့ မျှော်လင့်ချက်မရှိဘူးဆိုတာ သူသိပါတယ်။

ဦးခေါင်းနီပုရစ်ဟာ စပျစ်နွယ်တွေကြားမှာ ပိတ်မိနေတုန်းဖြစ်ပေမဲ့ ဟန်ဆန်းဟာ မြန်နိုင်သမျှ အမြန်ဆုံး ပြေ-းနေတယ်။ ဖြစ်နိုင်ရင် ပုရစ်ရဲ့မျက်စိအောက်ကနေ လွတ်မြောက်ချင်ပါတယ်။ ဒါပေမဲ့ နှစ်မိုင်လောက်ပြေ-းပြီးတဲ့နောက် ဟန်ဆန်းဟာ တတီတီအသံကို ထပ်မံရပြန်ကြားလိုက်တယ်။ ဦးခေါင်းနီပုရစ် ဟာ သူ့ကို လိုက်မီသွားပါပြီ။

ဟန်ဆန်းအတွက် ကြော-က်စရာအကောင်းဆုံးအရာက ဦးခေါင်းနီပုရစ်ရဲ့ခေါင်းပေါ်မှာ လည်နေတဲ့ လွှပါ။ ပုရစ်ဟာ လွှကို မရုပ်သိ-မ်းဘဲ သူ့နောက်ကို လိုက်လာခဲ့ပါတယ်။ 

ဟန်ဆန်းဟာ ဆက်ပြေ-းခဲ့ပေမဲ့လဲ သူနဲ့ဦးခေါင်းနီပုရစ် ကြားက အကွာအဝေးဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာတယ်။ အခု သူဟာ ထွက်ပေါက်မရှိတဲ့ နံရံတခုဆီ ပြေ-းနေမိခဲ့တယ်။ အဲဒါကို သတိပြုမိခဲ့တဲ့အခါ အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့တယ်။ သူ့အတွက် ပြေ-းစရာမြေ,မရှိတော့ပါဘူး။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now