1021 - 1025

197 20 0
                                    


Super God Gene (1021)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၂၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ သူနဲ့သူ့အဖွဲ့ ဖြတ်သန်းသွားတဲ့ ဒေသတွေမှာနေတဲ့ သားရဲတွေဆီက လက်ဆောင်တွေအများကြီး လက်ခံရရှိခဲ့ပေမဲ့ အဲ့ဒီလက်ဆောင်တွေထဲက ဘယ်တခုကမှ ရှားပါးမှုနဲ့ စွမ်းအားမှာ သွေးသစ်သီးနဲ့ နဂါးတံတွေးကို မကျော်လွန်နိုင်ခဲ့ဘူး။ စူပါသားရဲတွေက သူ့ကို ပေးခဲ့တဲ့ လက်ဆောင်တွေက အခုအချိန်အထိ အကောင်းဆုံးပါပဲ။

တစ္ဆေတောင်တန်းရဲ့ ထွက်ပေါက်နားကို ရောက်တာနဲ့၊ သူတို့ဟာ နောက်ထပ်စူပါသားရဲတကောင်နဲ့ တွေ့လိုက်ရတယ်။ ကြီးမားတဲ့ မျောက်ဝံတကောင်ဖြစ်ပြီး သူက ဟန်ဆန်းကို ဝိုင်ခွက်ငယ်တခွက် ပေးခဲ့တယ်။

ဟန်ဆန်းက အဲ့ဒီဝိုင်ဟာ မျိုးရိုးဗီဇပစ္စည်းတခုဖြစ်ကြောင်း ပြောနိုင်ပေမဲ့ မျောက်ဝံက ဘာရည်ရွယ်ချက်နဲ့ ပေးတယ် ဆိုတာကိုတော့ မပြောနိုင်ပါဘူး။

မျောက်ဝံကြီးကလဲ သူတို့ကို ခရီးသွားရာမှာ ကူညီပေးခဲ့တယ်။ သူဟာ လေးရက်လုံးလုံး လိုက်ပို့ပြီးနောက် ဟန်ဆန်းအပါအဝင် တယောက်ချင်းစီကို ပခုံးပေါ် တင်ကာ နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့တယ်။
-------- --------- -------- ------- --------
မကြာခင် တစ္ဆေတောင်တန်းရဲ့ အချွန်အတက်၊ အဖုအထစ်များတဲ့ တောင်စောင်းတွေကို ချန်ထားခဲ့ပြီး မြင်းအမြောက်အမြားနေထိုင်ရာ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်ကျယ်ကြီးဆီကို ရောက်ရှိလာတယ်။

" နောက်ဆုံးတော့ ငါတို့က တစ္ဆေတောင်တန်းကို ကျော်ဖြတ်နိုင်ခဲ့ပြီ ''

လူတိုင်းဟာ ရင်တခုန်ခုန်နဲ့ ပျော်နေကြတယ်။

သူတို့ဟာ အချိန်တွေ အများကြီး ကုန်ဆုံးစေခဲ့တဲ့ တစ္ဆေတောင်တန်းကြီးကို လည်ပြန်ကြည့်လိုက်တယ်။ ဖြစ်ပျက်ခဲ့သမျှဟာ သူတိုအတွက် အိပ်မက်ရှည်ကြီးတခုလိုပါပဲ။ သူတို့ကြုံတွေ့ခဲ့ရတာတွေဟာ တကယ့်ကို မယုံနိုင်စရာတွေချည်းပါပဲ။ ဟန်ဆန်းတောင် မယုံနိုင်ပါဘူး။
-------- --------- -------- ------- --------
'' အား ''

အားလုံး လန့်ဖျပ်သွားကြတယ်။ အော်သံက သူတို့အလယ်ကနေ ထွက်ပေါ်လာတာပါ။ အသံလာရာကို ကြည့်လိုက်တော့ လျှိုယုယွယ်ဟာ မြေပြင်ပေါ်မှာ လူးလိမ့်ကာ နာနာကျင်ကျင် အော်ဟစ်နေတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now