1401 - 1405

191 16 0
                                    


Super God Gene (1401)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၄၀၁)
-------- --------- -------- ------- -------
စတုတ္ထနံရံမှာ ရုပ်ပုံတွေမရှိဘဲ စာသားတွေပဲ ရှိပါတယ်။ အဲဒီစာသားတွေဟာ အသ-က်တံခါးကျင့်စဉ်ရဲ့ဒုတိယပိုင်းဖြစ်နိုင်တယ်လို့ ဟန်ဆန်းယုံကြည်ခဲ့ပေမဲ့ မကြာခင်မှာပဲ မဟုတ်ဘူးလို့ သိခဲ့ရပါတယ်။ အဲဒီစာသားတွေက ကံကြမ္မာနဲ့သက်ဆိုင်တဲ့ ရိုးရှင်းပြီး စိတ်ထိခိုက်ဖွယ်ရာစာသားတွေပဲ ဖြစ်ပါတယ်။

စာသားတွေကို သူတို့နှစ်ယောက်စလုံးဖတ်ခဲ့ကြပေမဲ့လဲ ဘာမှနားမလည်ခဲ့ပါဘူး။ ဖတ်ပြီးတဲ့နောက်မှာလဲ ဘာမှမဖြစ်ခဲ့ပါဘူး။

အိုးချိုနဲ့ ရှယန်မုံ့ဟာ ဟန်ဆန်းနဲ့သခင်လေးလီတို့ တော်တော်နဲ့ ပြန်မရောက်လာတာကြောင့် သူတို့နှစ်ယောက်နောက်ကို စိုးရိမ်ပြီး လိုက်လာခဲ့ကြတယ်။

" စာသားတွေက ကံကြမ္မာနဲ့ သံသရာအကြောင်း ရေးထားတယ်၊ ဒီစာသားတွေက ဒီရဲတိုက်ရဲ့မျိုးရိုးဗီဇအဆီအနှစ်နဲ့ ဆက်စပ်နေမလားပဲ ''

သခင်လေးလီက ပြောလိုက်တယ်။

ဟန်ဆန်းဟာ စိတ်ပျက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချပြီး သက်ပြင်းအရှည်ကြီးချလိုက်တယ်။ ပြီးနောက် အဖွဲ့နဲ့ ပြန်လည်ပူးပေါင်းလိုက်ပါတယ်။

မျှော်စင်အနီးမှာ ယုကျစ်ယိုေ-သဆုံးပြီးနောက် သူတို့ဟာ စကားမပြောဘဲ သတိအနေအထားနဲ့ ခရီးဆက်ခဲ့ကြတယ်။

နောက်ဆုံးမှာတော့ သူတို့ဟာ အလွန်မြင့်တဲ့ နံရံတခုရှေ့ကို ရောက်လာခဲ့ကြတယ်။ နံရံရဲ့ထိပ်ဖျားပိုင်းဟာ တိမ်တွေထဲရောက်နေတာကြောင့် နံရံရဲ့အမြင့်ကို အတိအကျ မသိနိုင်ပါဘူး။

နံရံမှာ ဝင်ပေါက်သုံးပေါက်ရှိတယ်။ သူတို့က အရင်အဖွဲ့တွေ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့တဲ့ အလယ်ဝင်ပေါက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

သခင်လေးလီက မြေပုံတပုံကို ကိုင်လျက် ရှေ့ကနေ ဝင်သွားခဲ့တယ်။

သိပ်မကြာခင်မှာပဲ ကြမ်းပြင်ပေါ်မှာ ခြေကားရားလက်ကားရားလဲနေတဲ့ အလော-င်းတလော-င်းကို တွေ့လိုက်ရတယ်။ အံ့ဩစရာက အဲဒီအလော-င်းမှာ ဘာထိခို-က်ဒ-ဏ်ရာမှ မရှိပါဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now