1016 - 1020

190 25 0
                                    


Super God Gene (1016)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၁၆)
-------- --------- -------- ------- --------
သွေးတောင်ပံသားရဲဘုရင် နီးလာတာကို မြင်တော့ လျှိုယုယွယ်ဟာ သူ့ရှေ့ကို အမြန်သွားပြီး အလွန်အကျွံ အရိုအသေ ပေးကာ တိုးလျှိုးအောက်ကျို့တဲ့ အသံအနည်းငယ်ကို ထုတ်ဖော်လိုက်တယ်။

လျှိုယုယွယ်ဟာ သူနဲ့ သားရဲဘုရင်ရဲ့သားတော်ကြားမှာ နားလည်မှုစည်းတခုရှိလို့ သားတော်ကိုပဲ ခေါ်ယူလိုခဲ့တယ်။ အခုတော့ သူဟာ သားရဲဘုရင်ဆီမှာ မျက်နှာရအောင် မြေကြီးပေါ်မှာ လှဲချလျက် မျက်နှာချိုသွေးနေရတယ်။ ဒါက ဒီနယ်မြေက သားရဲတွေအပေါ် သြဇာညောင်းတယ်ဆိုတဲ့ သူ့ပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေရတော့တယ်။

ဒါပေမဲ့ လျှိုယုယွယ်ဟာ လူပါးပါ။ သားရဲဘုရင် မဖိတ်ခေါ်ဘဲ ရောက်လာတာကို မြင်တဲ့အခါ ဘာကို ဦးစားပေးရမယ်ဆိုတာကို သူသိပါတယ်။ ဒါကြောင့် အသက်နဲ့ပုံရိပ်မှာ ပုံရိပ်ကိုပဲ စွန့်လွှတ်ခဲ့ပါတယ်။ သူဟာ သားရဲဘုရင်ကို မရိုမသေ ပြုမိရင် သားရဲဘုရင်ရဲ့ ပြင်းထန်တဲ့ အမျက်ဒေါသကို ဆွပေးသလို ဖြစ်ပြီး သူဟာလဲ သားရဲဘုရင်ရဲ့ အမြည်းဖြစ်သွားပါလိမ့်မယ်။

ဟန်ဆန်းကတော့ မြေပေါ်မှာ အရှက်မရှိ လူးလှိမ့်နေတဲ့ မျက်နှာနှစ်မျိုးနဲ့လူကို ဂရုမစိုက်ပါဘူး။ သူ့အမြင်မှာတော့ အဲ့ဒီလူဟာ လမ်းလျှောက်နေတဲ့ လူသေပါပဲ။

ချန်ဟူရဲ့အမြင်ကတော့ ဟန်ဆန်းနဲ့ မတူဘဲ ကွဲပြားပါတယ်။ သူက လျှိုယုယွယ်ဟာ သူတယောက်တည်း အသက်ရှင်ရေးအတွက် လုပ်နေတာမဟုတ်ဘူးလို့ ယုံကြည်ပြီး လျှိုယုယွယ်ကို သဘောကျသွားတယ်။ မြေပေါ်မှာ လူးလှိမ့်ပြီး အလွန်အကျွံ အရိုအသေ ပေးနေတာက သူ့တယောက်တည်းအတွက်သာမက သူနဲ့အတူပါလာတဲ့ တခြားသူတွေအတွက်ပါ တောင်းဆိုပေးနေတယ်လို့ ယုံကြည်ခဲ့တယ်။

'' ဘုံး ''

သားရဲဘုရင်က သူတို့အားလုံးရှေ့မှာ ဆင်းသက်လိုက်တယ်။ လျှိုယုယွယ်ဟာ အလွန်အကျွံ မျက်နှာချိုသွေးနေတဲ့ သူ့ပုံစံကို မလျှော့ပါဘူး။ ဒါပေမဲ့ သားရဲဘုရင်က သူ့ကို နည်းနည်းလေးတောင် အရေးမစိုက်ပါဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now