1076 - 1080

199 19 0
                                    


Super God Gene (1076)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၇၆)
-------- --------- -------- ------- --------
ဟန်ဆန်းကလဲ သွားမယ်လို့ စိတ်ကူးထားတာမို့ နဂါးဘုရင်ရဲ့ ဆန္ဒအတိုင်း ရှေးဟောင်းမိစ္ဆာရဲတိုက်ကို သွားလိုက်ပါတယ်။

ဟန်ဆန်းဟာ နဂါးဘုရင်ကို လုံးလုံး မယုံကြည်ပေမဲ့လဲ သားရဲတွေက ခေါင်းလောင်းသံကို ထူးထူးဆန်းဆန်း တုံ့ပြန်ခဲ့တယ်။ သူတို့ဟာ ခေါင်းလောင်းသံကို ကြားတာနဲ့၊ အသံလာရာကို တညီတညွှတ်တည်း သွားနေကြပါတယ်။ 

မိစ္ဆာစွယ်ကောင်တွေအပြင် နောက်ထပ်သားရဲတွေလဲ အဲ့ဒီကို သွားနေကြတယ်။ ဟန်ဆန်းတို့ဟာ သားရဲတွေသွားနေတာကို သတိလက်လွတ် ကြည့်နေမိပါတယ်။ 

ဟန်ဆန်းက သားရဲတွေကို ကြည့်ရင်း စဉ်းစားနေတယ်။ ဒီနေရာမှာ ပိတ်မိနေတဲ့အတူတူ ကံစမ်းတဲ့အနေနဲ့ သူတို့နဲ့ လိုက်သွားသင့်တယ်လို့ တွေးမိခဲ့တယ်။ 

ဒါ့အပြင် ဟန်ဆန်းဟာ နဂါးဘုရင်ကို အခိုင်အမာ ထိန်းချုပ်ထားဆဲဖြစ်တယ်။ နဂါးဘုရင်ဟာ အဲ့ဒီအချက်ကို ပြောင်းလဲဖို့ တခုခု လုပ်ဆောင်နိုင်မယ်လို့ မယုံကြည်ခဲ့ဘူး။

ဟန်ဆန်းဟာ အနက်ရောင်မြူ ခိုးတွေကို ကျော်ဖြတ်ပြီး အဆောက်အဦတွေဆီ ပျံသန်းသွားခဲ့တယ်။ 
-------- --------- -------- ------- --------
" ခင်ဗျားပြောတဲ့ ဝိညာဉ်ချီဆိုတာက ဘာလဲ "

ဟန်ဆန်းက ပျံသန်းသွားနေရင်း နဂါးဘုရင်ကို မေးလိုက်တယ်။

“ မွေးရာပါစွမ်းအားရှိတဲ့ ပါရမီရှင်တွေကလွဲရင် ဝိညာဉ်အများစုနဲ့ သားရဲအများစုဟာ ဒီနတ်ဘုရားကမ္ဘာမှာ လူသားတွေနဲ့ ကံကြမ္မာအတူတူပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူတိုက မျိုးရိုးဗီဇသော့တွေ ဖွင့်နိုင်ဖို့ လေ့ကျင့်သင်ယူရတယ်၊ မျိုးရိုးဗီဇသော့ဖွင့်တာက ဆဋ္ဌမမြောက်သော့အထိ လွယ်တယ်၊ ဒါပေမဲ့ သတ္တမမြောက်သော့ကို ရောက်သွားတာနဲ့ မလွယ်တော့ဘူး ”

နဂါးဘုရင်က ဆက်ပြောလိုက်တယ်။

“ ရှေးဟောင်းမိစ္ဆာခေါင်းလောင်းက သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ဆေးကြောပေးနိုင်တယ်၊ ဧကရာဇ်ရှိတုန်းက ခေါင်းလောင်း တခါမြည်တိုင်း သားရဲတွေနဲ့ ဝိညာဉ်တွေဟာ အများကြီး အကျိုးဖြစ်ထွန်းသွားကြတယ်၊ သတ္တမမြောက် မျိုးရိုးဗီဇသော့ကို မဖွင့်ရသေးရင်လဲ ခေါင်းလောင်း ၇၂ ကြိမ် ထိုးတာကို နားထောင်ပြီးသွားရင် လက်ရှိဖွင့်ရမဲ့ သတ္တမသော့နဲ့ နောက်ထပ်သော့နှစ်ခုကို ဘယ်လိုဖွင့်ရမယ်ဆိုတာ နားလည်သွားလိမ့်မယ်၊ တကယ် ဖွင့်နိုင် မဖွင့်နိုင် ဆိုတာကတော့ သူတို့ကံပေါ့ ”

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now