1396 - 1400

206 15 0
                                    

Super God Gene (1396)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၉၆)
-------- --------- -------- ------- -------
အနက်ရောင်လေပြင်းက အမှိုက်တွေနဲ့အတူ လေဆင်နှာမောင်းတွေကိုလဲ သယ်ဆောင်လာခဲ့တယ်။ ဟန်ဆန်း လိုဏ်ဂူဘက်ကို ပြေ-းသွားတဲ့အခါ သူ့နောက်ကနေ လေဆင်နှာမောင်းနှစ်ခုလိုက်လာတာကို မြင်လိုက်ရတယ်။ ဝိညာဉ်ဟာ သူ့ကို မြင်သွားပါပြီ။

ဟန်ဆန်းဟာ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူဟာ မလွတ်မြောက်နိုင်တော့ဘဲ မွေ့လည်နေတဲ့ လေစီးကြောင်းထဲ ဆွဲသွင်းခံလိုက်ရပါတယ်။

" ဒီနေ့ကံမကောင်းပါလား၊ ဒီတောင်ပေါ်ကို တက်လာတာကိုက ငါ့အမှား ''

ဝိညာဉ်ဟာ အမှန်တကယ် ဒေါသထွက်နေတာလား၊ ဒါမှမဟုတ် စိတ်ရူးပေါက်နေတာလား၊ သူ,မသိပါဘူး။ ဒါပေမဲ့ ဝိညာဉ်ဟာ သူနဲ့သူ့ကလေး လေစီးကြောင်းထဲ ပါလာတာကို ကြည့်ပြီး ဝမ်းမြောက်နေပုံရပါတယ်။

လေဆင်နှာမောင်းထဲ ရောက်သွားတော့မှ ဟန်ဆန်းဟာ လေ,မည်းရတဲ့အကြောင်းရင်းကို ရှာဖွေတွေ့ရှိသွားခဲ့တယ်။ လေကိုယ်နှိုက်က အရောင်မရှိပေမဲ့လဲ သူ့အထဲမှာ အနက်ရောင်သဲတွေနဲ့ အနက်ရောင်သဲစီးကြောင်းတွေ စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ သဲစီးကြောင်းတွေဟာ အင်မတန် ထက်ရှပြီး သူတို့နဲ့ထိတွေ့တဲ့ အရာမှန်သမျှကို ရ-က်ရ-က်စ-က်စ-က် တို-က်စားသွားပါတယ်။

ဟန်ဆန်းကို ဖ-မ်းထားတဲ့ လေဆင်နှာမောင်းဟာ တဖြည်းဖြည်းနဲ့ အရွယ်အစားကြီးမားလာပြီး ပိုလို့မြန်မြန်ဆန်ဆန်လည်ပတ်လာပါတယ်။ အထဲမှာ ကြာကြာနေရင် သံမဏိတောင် အမှုန့်ဖြစ်သွားနိုင်ပါတယ်။

ဝိညာဉ်က လူသားဟာ ခဏနေရင် ေ-သသွားလိမ့်မယ်လို့ ယုံကြည်ထားတာကြောင့် ကြာကြာရှည်ရှည် ဂရုစိုက်မနေခဲ့ဘူး။ သူတွေးထားတာက လူသားရဲ့အရိုးတွေဟာ လိမ်ချို-းခံရပြီး အနက်ရောင်သဲတွေက တို-က်စားပ-စ်လိမ့်မယ်လို့ပါ။ သူ့အတွေးဟာ တွေးထိုက်တဲ့ အတွေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သန္ဓေပြောင်းသားရဲတောင် လေဆင်နှာမောင်းထဲမှာ ကြာကြာမနေနိုင်ပါဘူး။ အမှုန့်ဖြစ်သွားပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now