1326 - 1330

181 18 0
                                    


Super God Gene (1326)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၂၆)
-------- --------- -------- ------- -------
အမှောင်ထဲက အော်ဟစ်သံတွေကို ကြားနေရပေမဲ့ ကြည့်ရှုနေသူ,ဧကရာဇ်တွေဟာ အမှောင်ထဲမှာ ဖြစ်ပျက်နေတာတွေကို မမြင်ရတဲ့အတွက် ဆိုးရွားတဲ့ရလဒ်တွေ မြင်ရမှာကို စိုးရိမ်နေကြပါတယ်။

ဂူမိစ္ဆာဧကရာဇ်နဲ့ မျက်လုံးသုံးလုံးဧကရာဇ်တို့ဟာ သူတို့ဘက်က အခြေအနေပိုမိုဆိုးရွားလာမယ်လို့ သံသယဝင်လာပြီး ထိတ်လန့်နေပုံရတယ်။ အမှန်တကယ်လဲ ဆူညံသံတွေက တုန်လှုပ်ချောက်ချားဖွယ်ကောင်းတယ်။ ပြင်းထန်တဲ့ဝေဒနာတွေကြောင့် မချိမဆံ့ညည်းညူ နေတဲ့ အသံတွေကိုလဲ ကြားနေရတယ်။ ဒါပေမဲ့ အဲဒီညည်းညူ သံတွေက လူသားတွေရဲ့အသံတွေမဟုတ်ပါဘူး။

" သူက ဘယ်လိုစွမ်းအားကို သုံးလိုက်တာလဲ၊ ငါတို့က အမှောင်ထဲမှာ ဘာဖြစ်လို့ မမြင်ရတာလဲ၊ ငါတို့ရဲ့အမြင်အာရုံက ဘာဖြစ်သွားတာလဲ ''

ဂူမိစ္ဆာက အသံကျယ်ကျယ်နဲ့ အော်မေးခဲ့တယ်။

မျက်လုံးသုံးလုံးဧကရာဇ်မှာလဲ အဖြေမရှိပါဘူး။ သူကိုယ်တိုင်လဲ အမှောင်ရဲ့ကန့်လန့်ကာကိုပဲ မြင်ရပါတယ်။

'' အဲဒါက ညဧကရီရဲ့ အစွမ်းတွေပဲ ''

နိုးဂေါ့ဧကရာဇ်က ဝင်ဖြေလိုက်ပါတယ်။

" သူက နတ်သွေးနှောဝိညာဉ်ဖြစ်သွားပြီမဟုတ်လား ''

မျက်လုံးသုံးလုံးဧကရာဇ်က ပြောလိုက်တယ်။

နိုးဂေါ့ဧကရာဇ်က သူ့ဘက်ကို လှည့်ပြီး ပြောလိုက်တယ်။

" ဟုတ်တယ်၊ ဒါက သူ့လက်ချက်ပဲ၊ ဒါပေမဲ့ ဒါက သူ့ရဲ့တန်ခိုးစွမ်းအားအကြွင်းအကျန်ပဲ၊ ပြီးတော့ ဒါက မျက်စိကွယ်စေတဲ့ ရိုးရိုးအမှောင်ထက် ပိုဆိုးတယ်၊ ဒါပေမဲ့ ဒီအမှောင်က ကြာကြာခံမှာ မဟုတ်ဘူး၊ အလွန်ဆုံး ဆယ်မိနစ်ပဲ ''

နိုးဂေါ့ပြောတာကို ကြားလိုက်ရတော့ သူတို့ကိုယ်တိုင် လုံခြုံသွားတယ်လို့ ခံစားလိုက်ရတယ်။ သို့တိုင် သူတို့ဟာ စိတ်မသက်မသာဖြစ်နေကြတုန်းပါပဲ။ နာနာကျင်ကျင်အော်ဟစ်ညည်းတွားသံတွေက သူတို့ကို စိတ်အနှောင့်အယှက်ပေးနေပါတယ်။ ပိုဆိုးတာက အဲဒီအသံတွေက သူတို့အနီးအနားကနေ ထွက်ပေါ်လာနေတာပါ။
-------- --------- -------- ------- --------
ဟန်ဆန်းရဲ့ဓားတွေဟာ သွေးတွေနဲ့ ပေကျံနေတယ်။ မသိရင် ဓားတွေကို အနီရောင်ရှိတဲ့ သတ္တုတမျိုးနဲ့ လုပ်ထားတယ်လို့ ယုံကြည်ကြလိမ့်မယ်။ ဝိညာဉ်တွေဟာ အနားကို သူ့ရောက်နေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ သူတို့ဟာ တုံ့ပြန်ဖို့ အရမ်းနောက်ကျသွားပါပြီ။ သူတို့ဟာ စက္ကန့်ပိုင်းအတွင်း နှစ်ပိုင်းပြတ်ကာ သေဆုံးသွားကြပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now