1121 - 1125

205 19 0
                                    


Super God Gene (1121)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၂၁)
-------- --------- -------- ------- --------
" အနာဂတ်မှာ သူ့အကူအညီကို လိုအပ်တယ် "

ဟန်ဆန်းဟာ အံ့သြသွားတယ်။ ပေ့အာက စပျစ်နွယ်ပင်ကို သူထင်ထားတာထက်တောင် ပိုလိုချင်နေပုံရတယ်။

ဟန်ဆန်းဟာ သူမစကားကို နားထောင်ပြီး ငါးဘုရင်ကို မသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စူပါသားရဲတွေကို သတ်တာဟာ ဟန်ဆန်းအတွက် အခုအချိန်မှာ ကြီးကျယ်ခမ်းနားတဲ့ အလုပ်မဟုတ်တော့ပါဘူး။ ပေ့အာပျော်ရွှင်စေဖို့အတွက် ငါးဘုရင်ကို မသတ်ဘဲ ထားလိုက်တာ ထိုက်တန်ပါတယ်။

ဟန်ဆန်းဟာ စပျစ်နွယ်ပင်သားရဲကို စိတ်ဝင်စားမိတယ်။ ဒီအချိန်မှာ ငါးဘုရင်ကို အကူအညီပေးခဲ့ရင် တချိန်မှာ သူ့ဆီက အကူအညီပြန်ရနိုင်ပါတယ်။

ဟန်ဆန်းဟာ ငွေမြေခွေးလေးရဲ့ လျှပ်စီးကြောင်းကို လှုံ့ဆော်ကာ ငါးဘုရင်ကို ကုသဖို့ ကြိုးစားခဲ့တယ်။

ဒါပေမဲ့ သူဟာ တုံရွမ်ခန္ဓာကျင့်စဉ်ရဲ့ မျိုးရိုးဗီဇသော့တွေကို လုံလုံလောက်လောက် မဖွင့်ရသေးတာကြောင့် ကုသတဲ့ နေရာမှာ ှထိရောက်မှုမရှိပါဘူး။ ငွေမြေခွေးလေးရဲ့ လျှပ်စီးကြောင်းဟာ မျိုးရိုးဗီဇသော့ဆယ်ခုဖွင့်ထားတဲ့ ငါးဘုရင်အပေါ်မှာ ကောင်းကောင်း အလုပ်မလုပ်ပါဘူး။

နေ့တစ်ဝက်လောက် ကုသပြီးနောက် ဟန်ဆန်းဟာ ခြေကုန်လက်ပန်းကျသွားပါတယ်။ ဒီလောက်အချိန်ပေးကုသတာတောင် ငါးဘုရင်ဟာ နည်းနည်းပဲ သက်သာပျောက်ကင်းခဲ့တယ်။

" သူက စူပါသားရဲဆဲလ်ပြောင်းကောင်ပဲဖြစ်ရမယ် '' 

အနီးကပ်ထိတွေ့ပြီးနောက် ဟန်ဆန်းဟာ ငါးဘုရင်ဘယ်လောက်သန်မာတယ်ဆိုတာကို ခံစားသိရှိနိုင်ခဲ့တယ်။ သူ့အတွေ့အကြုံအရ ပြောရရင် ငါးဘုရင်ဟာ စူပါဆဲလ်ပြောင်းကောင်ဖြစ်ဖို့များပါတယ်။ 

ငါးဘုရင်ဟာ နည်းနည်းပြန်ကောင်းလာပုံပေါ်တယ်။ အခု သူဟာ နည်းနည်းလှုပ်လို့ရသွားပါပြီ။ သူက တောင်ပေါ်ကို မော့ကြည့်လိုက်တယ်။ သူပုံက တောင်ပေါ်ကို ပြန်တက်ချင်နေသလိုပဲ။ ဒါပေမဲ့ သူ့အစွမ်းနဲ့ မတက်နိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ပုံလဲ ပေါ်နေပါတယ်။ သူဟာ အကြည့်ကို ရုပ်သိမ်းပြီး ဟန်ဆန်းနဲ့ ပေ့အာတို့ အနီးက ခွာကာ ရေစုန်ကူးသွားခဲ့ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now