1041 - 1045

195 19 0
                                    

Super God Gene (1041)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၄၁)
-------- --------- -------- ------- --------
အကိုခုနစ်ဟာ ဟန်ဆန်းရွေးချယ်လိုက်တဲ့ မီးအိမ်ကို ကြည့်ရင်း မျက်နှာပျက်သွားတယ်။

“ စတုတ္ထမီးအိမ်၊ ရှင်သန်ခြင်းမီးအိမ်လို့ ငါထင်ထားတာ၊ အခု သူ့ဆီက ထွက်လာတဲ့ အလင်းရောင်က သေခြင်းတရားကို ကိုယ်စားပြုနေတယ်၊ အား... မကောင်းတော့ဘူး... သူသေတော့မယ်... ''

အကိုခုနစ်က မီးအိမ်တွေဆီ ပြေးသွားပြီး သတ္တမမြောက်မီးအိမ်ကို ယူလိုက်တယ်။ အဲ့ဒီနောက် ဟန်ဆန်းနောက်ကို ကမန်းကတန်း လိုက်သွားခဲ့တယ်။

ဟန်ဆန်း အမှောင်ထုထဲ ဝင်သွားတာ ဆယ်စက္ကန့်ပဲ ရှိသေးပေမဲ့ အဲ့ဒီအချိန်က အကိုခုနစ်ရဲ့ အမြင်အာရုံထဲက လုံးလုံးလျားလျား ပျောက်ကွယ်သွားဖို့ လုံလောက်ပါတယ်။

ဒါပေမဲ့ သူ့မီးအိမ်က ထွက်နေတဲ့ အလင်းရောင်ဟာ သူ့ရှေ့သုံးပေအကွာမှာ တောက်ပနေသေးတယ်။ အဲ့ဒီနေရာက လေထုဟာ အသက်ရှူ မဝလောက်အောင်ကို မွန်းကျပ်လို့ နေတယ်။

အကိုခုနစ်က ဟန်ဆန်းကို လှမ်းခေါ်ရင်း ဟန်ဆန်းနောက်ကို အမီလိုက်နိုင်မယ်လို့ မျှော်လင့်လျက် အရှိန်ပြင်းပြင်းနဲ့ လျှောက်သွားခဲ့တယ်။ ဒါပေမဲ့ ဟန်ဆန်းဆီက ပြန်ဖြေသံမကြားရပါဘူး။

ရုတ်တရက် ထူးဆန်းတဲ့ အသံတသံထွက်ပေါ်လာတယ်။ အဲ့ဒီနောက်မှာတော့ အကိုခုနစ်ဟာ မရေမတွက်နိုင်တဲ့ သားရဲတွေက သူ့ကို ဝိုင်းကြည့်နေသလိုမျိုး ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူရွေးတဲ့မီးအိမ်မှန်တယ်လို့ ယုံကြည်လျက် ရှေ့ဆက်လျှောက်ခဲ့တယ်။ နောက်ဆုံးမှာ ဟန်ဆန်းကို အမီလိုက်နိုင်မယ်လို့လဲ သူယုံကြည်နေပါတယ်။

သူရွေးချယ်ခဲ့တဲ့ သတ္တမမြောက်မီးအိမ်ကို ''ဝိညာဉ်ပြန်ခေါ်မီးအိမ်''လို့ ခေါ်တယ်။ သူ မီးအိမ်ကို မြှောက်လိုက်တယ်။ မီးအိမ်က ထွက်ပေါ်လာတဲ့ မီးရောင်က အမှောင်ထုကို ထိုးခွင်းလိုက်တယ်။ လေထုရဲ့ ထူထဲတဲ့ မွန်းကျပ်မှုတွေက ရှိနေသေးပေမဲ့ အနည်းငယ်တော့ သက်သောင့်သက်သာ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါဟာ ကြာရှာမခံဘဲ နောက်ဆုံးမှာ ပျက်သုဉ်းပျောက်ကွယ်သွားခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now