1586 - 1590

100 9 0
                                    

Super God Gene (1586)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၈၆)
-------- --------- -------- ------- ------
ဟန်ဆန်းဟာ ရဲတိုက်ကို ပြန်ရောက်တဲ့အခါ ဖျက်ဆီးဝံပုလွေရဲ့သားရဲဝိညာဉ်ကို စစ်ဆေးဖို့ အချိန်ရသွားခဲ့တယ်။

ဖျက်ဆီးဝံပုလွေ၏သားရဲဝိညာဉ်အမျိုးအစား: အဆောင်လက်ဖွဲ့

အဲဒီနာမည်ကို မြင်တော့ ဟန်ဆန်း တော်တော်အံ့သြသွားတယ်။ 'အဆောင်လက်ဖွဲ့'အမျိုးအစားသားရဲဝိညာဉ်ဟာ ဘာလဲ၊ ဘယ်လိုအလုပ်လုပ်လဲ၊ သူ,မသိပါဘူး။ အရင်ကလဲ တခါမှ မကြားဖူးဘူး။

ဟန်ဆန်းက ဖျက်ဆီးဝံပုလွေကို ဆင့်ခေါ်ပြီး သားရဲဝိညာဉ် ဘာလုပ်နိုင်လဲဆိုတာကို စစ်ကြည့်ခဲ့တယ်။

ဖျက်ဆီးဝံပုလွေဟာ စိတ်သိုလှောင်ခန်းထဲကနေ ပျံထွက်လာပြီး ဟန်ဆန်းရဲ့လက်ဖဝါးနဲ့ အရွယ်အစားတူတဲ့ အဆောင်တခုဖြစ်လာခဲ့တယ်။ အဆောင်ဟာ အနက်ရောင်ဖြစ်ပြီး အဆောင်ပေါ်မှာ အတောင်ပံပါတဲ့ ဝံပုလွေပုံကို ရေးထွင်းထားတယ်။ အဲဒီပုံကို သေသေချာချာ ကြည့်မယ်ဆိုရင် ဖျက်ဆီးဝံပုလွေကိုယ်တိုင် အဆင့်တက်ပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ပုံနဲ့ တူနေတာကို တွေ့ရပါမယ်။ 

ဟန်ဆန်းဟာ အဆောင်ကို အကြိမ်ကြိမ်စစ်ဆေးကြည့်ရှုခဲ့တယ်။ အဆောင်ကို သေခြင်းအော်ရာနဲ့ လေဟာနယ်စွမ်းအားအကြွင်းအကျန်တွေက ဝန်းရံထားတာကို တွေ့ရတယ်။ နောက်ပြီး အဆောင်ဟာ သေးငယ်ပေမဲ့ အတော်လေးကြောက်စရာကောင်းတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့ သဲလွန်စရှာမရခဲ့ဘူး။

ဟန်ဆန်းဟာ အဆောင်ကို စူးစမ်းလေ့လာသုတေသနပြုရင်း နောက်ထပ်ရက်အနည်းငယ်လောက် အချိန်ဖြုန်းပြီးနောက် အဆောင်အကြောင်းကို စကိုင်းနက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါဟာ သူ့အတွက် ဝမ်းသာစရာ တွေ့ရှိချက်ပါပဲ။

ဟန်ဆန်းဟာ အဆောင်သားရဲဝိညာဉ်ကို ပိုင်ဆိုင်ထားသူတယောက်အကြောင်း စကိုင်းနက်မှာ ဖတ်ခဲ့ရပါတယ်။ အဲဒီလူက ဘယ်လိုသုံးရမယ်ဆိုတာ သူသိထားတယ်လို့ ပို့စ်တင်ထားပါတယ်။ သူတင်ထားတဲ့ ပို့စ်ထဲမှာ သုံးပုံသုံးနည်းကို ဖော်ပြထားပေမဲ့ အသေးစိတ်တော့ ဖော်ပြမထားပါဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now