976 - 980

217 20 0
                                    

Super God Gene (976)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၇၆)
-------- --------- -------- ------- --------
'' ဘုံး ''

မြွေဟာ ကိုင်ပေါက်ခံလိုက်ရတယ်။ မြွေနဲ့နံရံ တိုက်မိတဲ့ အရှိန်ကြောင့် ကျောက်
ခန်းမတခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတယ်။

ဟန်ဆန်းဟာ အဲဒီလူကို မတိုက်ရဲတော့ဘူး။ အဲ့ဒီလူရဲ့အာရုံ သူ့ဆီပြန်လှည့်လာတေဲ့အခါ ဟန်ဆန်းက ဓားမြှောင်နီကို ဝှေ့ယမ်းပြီး အနက်ရောင်မီးတောက်တခုကို ဖန်တီးကာ လက်သည်းကုတ်ချက်တွေထဲက ဖောက်ထွက်လိုက်တယ်။

ဒါပေမဲ့ အဲ့ဒီလူမှာ သာမန်လူတွေ စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းအားတွေရှိပုံပေါ်တယ်။ ဟန်ဆန်းဟာ ဘယ်လောက်ပဲ ရှောင်တိမ်းပါစေ၊ ရှောင်လို့ မလွတ်ခဲ့ဘူး။

အဲ့ဒီလူရဲ့လက်ဟာ သားကောင်ကို ဖမ်းဖို့ ကောင်းကင်မှာ ဝဲပျံနေတဲ့ ငှက်ဆိုးတွေလိုပဲ၊ သူ့နောက်ကို အရိပ်လို လိုက်နေတယ်။ 

ဟန်ဆန်းဟာ အံကြိတ်ရင်း သူ့လက်ကို ဓားမြှောင်နီနဲ့ ရိုက်ချလိုက်တယ်။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ အနီရောင် ဓါးသွားကို ဖမ်းလိုက်တဲ့ အဲဒီလူရဲ့လက်ဖဝါးဟာ ရုတ်တရက် ကွဲအက်သွားတယ်။ သူ့လက်ဖဝါးက သူ့လက်သည်းလောက် မာပုံမပေါ်ဘူး။

ဒါပေမဲ့ အဲဒီလူရဲ့လက်က ရပ်တန့်မသွားဘူး။ သူ့လက်သည်းကုတ်ချက်တွေက ဟန်ဆန်းဆီကို ဝင်လာမစဲ တသဲသဲ။ ကြာလာတော့ ဟန်ဆန်းဝတ်ထားတဲ့ ထွတ်မြတ်သွေးချပ်ဝတ်တန်ဆာက လက်သည်းကုတ်ချက်တွေကို ခံနိုင်ရည်မရှိတော့ဘူး။ သူ့လက်သည်းတွေက သူတွေ့ဖူးတဲ့ ဘယ်ဓားထက်မဆို ပိုထက်ပါတယ်။

သွေးနဂါးမြွေသာ မရှိရင် အဲ့ဒီလူက ဟန်ဆန်းခေါင်းကို လက်သည်းနဲ့ လိမ်ချိုးပြီးနေလောက်ပြီ။

အဲ့ဒီလူရဲ့လက် ဟန်ဆန်းရဲ့ခေါင်းဆီ ရောက်ရှိလာတဲ့ နောက်ဆုံးစက္ကန့်မှာ သွေးနဂါးမြွေက ဟန်ဆန်းရှေ့မှာ ဝင်ခံလိုက်တယ်။ သွေးနဂါးမြွေဟာ လွင့်ထွက်သွားပြီး နောက်တစ်ကြိမ် နံရံနဲ့ ရိုက်မိသွားပြန်တယ်။ ဟန်ဆန်း ဘယ်လောက်ပဲ ကြိုးစားပါစေ၊ လူသေနဲ့တူတဲ့ အဲ့ဒီလူကို ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ဘူး။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now