1561 - 1565

141 13 0
                                    

Super God Gene (1561)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၆၁)
-------- --------- -------- ------- ------
" ဦးလေးက ဘာဖြစ်ချင်တာလဲ "

ဟန်ဆန်းက မျက်မှောင်ကြုတ်ရင်း လိုယုကို ကြည့်ကာ မေးလိုက်တယ်။

လိုယုက နှုတ်ခမ်းတွန့်လျက် ပြောလိုက်တယ်။

'' မင်းက စူပါသားရဲတွေကို အမဲလိုက်ချင်နေတယ်ဆို၊ မင်းက လိုစုဟန်ရဲ့သားဆိုတော့ သူ့ကို လေးစားတဲ့အနေနဲ့ အခွင့်အရေးတခုပေးလိုက်မယ် ''

ဟန်ဆန်းက နည်းနည်းအံ့သြသွားတယ်။ လိုယုက သူ့ကို ကိုယ်ထိလက်ရောက်တခုခုလုပ်မယ်လို့ ထင်ခဲ့ပေမဲ့ သူက ဘာမှ မလုပ်ဘဲ အမဲလိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူတို့အမဲသွားလိုက်မဲ့ စူပါသားရဲတွေက ရှီဒါအို ရှာဖွေတွေ့ရှိထားတဲ့ သားရဲတွေပဲ ဖြစ်လိမ့်မယ်။

" တကယ်လား "

ဟန်ဆန်းက လိုယုကို စေ့စေ့ကြည့်ပြီး မေးလိုက်တယ်။ တကယ်တော့ သူ့မျက်နှာအမူအရာကို ကြည့်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ ခေါ်တယ်ဆိုတာ သိပါတယ်။

'' ကြောက်တတ်ရင်တော့ ကျန်ရစ်ခဲ့ပေါ့ကွာ ''

လိုယုက ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။

'' ကျနော်က စိန်ခေါ်ရင် တိမ်ပေါ်အထိလိုက်တယ်၊ ဒါပေမဲ့ ကျနော်အမဲလိုက်လို့ရတဲ့ စူပါသားရဲတွေရဲ့တဝက်ကို ကျနော်ယူမယ် ''

ဟန်ဆန်းက လိုယု သူ့ကို ဘယ်လိုထင်ထင် ဂရုမစိုက်ပါဘူး။ အမတေသာရမယ်ဆိုရင် ဘယ်နေရာဖြစ်ဖြစ် သွားမှာပါပဲ။

'' ပြဿ     နာမရှိဘူး၊ မင်းသဘောပဲ ''

လိုယုက အလွယ်တကူ ကတိပေးခဲ့တယ်။

" ဘယ်အချိန်သွားမလဲ "

ဟန်ဆန်းက လိုရင်းတိုရှင်း မေးလိုက်တယ်။

" မနက်ဖြန် "

လိုယုကလဲ တခွန်းတည်း ပြန်ဖြေလိုက်တယ်။

" ကောင်းပြီ "

ဟန်ဆန်းက ပြန်ဖြေခဲ့တယ်။ အဲဒီနောက် ခြံဝင်းထဲကနေထွက်သွားပြီး ငွေမြေခွေးလေးဆီကို သွားခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now