1046 - 1050

200 23 0
                                    


Super God Gene (1046)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၄၆)
-------- --------- -------- ------- --------
“ သွား... ရေကန်ထဲမှာ သွားပုန်းနေ၊ ငါခေါ်တဲ့အခါမှ ထွက်လာခဲ့ ”

ချဲ့ချင်က ကောင်းကင်ယံမှာ ငရဲမီးလို တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးကို ကြည့်ရင်း ပြောလိုက်တယ်။

ဟန်ဆန်းက အချိန်မဆွဲဘဲ သဘောတူလိုက်ပြီ ရေကန်ဆီကို အလျင်အမြန် ပြန်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ကြောက်စရာကောင်းတဲ့ စွမ်းအားတခုက သူ့ဆီကို ဦးတည်ပြီး လာနေသလို ခံစားရတယ်။ အဲ့ဒီစွမ်းအားဟာ ရင်ဆိုင်ဖို့ မလွယ်ဘူးလို့လဲ ခံစားမိတယ်။ ဒါကြောင့် ချဲ့ချင်ကို ယုံကြည်ပြီး ရေကန်ကို ပြန်သွားခဲ့ပါတယ်။

ရေကန်ကို ပြန်ရောက်တော့ ဟန်ဆန်းဟာ ရဲရဲနီနေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ မကြာခင် မီးမုန်တိုင်းကြီး တိုက်တော့မလိုပဲ။

ကြည့်နေတုန်းမှာ မီးလုံးကြီးတလုံး သူတို့ဆီ ပျံဝဲလာတာကို ရုတ်တရက် တွေ့လိုက်ရတယ်။

အဲ့ဒီမီးလုံးကြီးနောက်မှာ နောက်ထပ်မီးလုံးသုံးလုံးလဲ ကပ်ပါလာတယ်။

မီးလုံးတွေဟာ ပျံသန်းလာရင်း တွေ့တွေ့သမျှ သစ်ပင်တွေကို ဖြိုလှဲပြီး သစ်တောကို မီးညှိလိုက်တယ်။ ချက်ချင်းပဲ သစ်တောဟာ မီးသစ်တောကြီးဖြစ်သွားတယ်။ ရေကန်တခုပဲ မီးကွင်းပြီး အေးမြနေပါတယ်။

" ဟာ... အဲ့ဒါတွေက မီးလုံးတွေမဟုတ်ဘူး၊ စူပါသားရဲတွေ၊ စုစုပေါင်း လေးကောင်တောင်မှ '' 

ဟန်ဆန်းဟာ စိတ်ပူသွားတယ်။ တချိန်တည်းမှာပဲ ချဲ့ချင်အတွက်လဲ စိုးရိမ်သွားတယ်။ ချဲ့ချင်ဟာ ဒီလိုခြိမ်းခြောက်မှုမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား၊ သူမသိဘူး။ ဒါပေမဲ့ သူ့စိုးရိမ်မှုကို ထုတ်မပြောရသေးခင် ချဲ့ချင်က မီးလုံးတွေကို ရင်ဆိုင်ဖို့ ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့တယ်။ 

ဟန်ဆန်းဟာ ရေကန်ထဲကို ပြန်ဆင်းခဲ့ပေမဲ့ မစိုးရိမ် မပူပန်ဘဲ မနေနိုင်ဘူး။ ချဲ့ချင်ရှုံးနိမ့်သွားပြီး မီးကျီးကန်းတွေက သူ့ဆီကို လာခဲ့မယ်ဆိုရင် ဘာလုပ်ရမှန်း သူမသိသေးဘူး။ သူဟာ လက်ရှိအချိန်မှာ အတော်လေး အားနည်းနေသေးသေးတယ်။ လွတ်မြောက်ဖို့ လမ်းစကို ဒီအခြေအနေနဲ့ သူရှာနိုင်မှာ မဟုတ်ဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now