1066 - 1070

224 20 1
                                    

Super God Gene (1066)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၆၆)
-------- --------- -------- ------- --------
ဂျီရန်လန်ရဲ့ အခြေအနေက မကောင်းဘူး။ သူမက အခြားသူတွေနဲ့အတူတူ တည်နေရာပြောင်းရွှေ့မခံရဘဲ သူ့လိုပဲ တစ်ယောက်တည်း ပြောင်းရွှေ့ခံခဲ့ရတယ်။

သူမက ဟန်ဆန်းကို ရှာဖွေဖို့ ထွက်ခဲ့ပေမဲ့ ပုံဆောင်ခဲစက်ရုပ်တွေနဲ့ ကံဆိုးစွာ ကြုံတွေ့ခဲ့ရတယ်။

ဂျီရန်လန်ဟာ လွတ်မြောက်သူတယောက်သာဖြစ်လို့ အားနည်းတယ်။ သူမအဆင့်နဲ့ ပုံဆောင်ခဲစက်ရုပ်တွေကို ရင်မဆိုင်နိုင်ပါဘူး။ ဒါကြောင့်မို့ သူမဟာ တပြေးတည်း ပြေးနေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမဟာ မောပန်းပြီး နှေးကွေးလာတယ်။ ဒီအချိန်မှာ စက်ရုပ်တွေက လိုက်မီသွားပြီး သူမကို ဝိုင်းထားလိုက်ပါတယ်။

ဂျီရန်လန်ရဲ့ အသက်ရှင်ရေးမျှော်လင့်ချက်ဟာ စက်ရုပ်တွေ အဝိုင်းခံလိုက်ရတဲ့ အချိန်မှာ ကုန်ဆုံးသွားပါတယ်။ စက်ရုပ်တွေက ဂျီရန်လန်ကို လေဆာသေနတ်တွေနဲ့ ချိန်လိုက်ကြပါတယ်။

ဂျီရန်လန်ဟာ သေခြင်းတရားကို လက်သင့်ခံပြီး မျက်လုံးတွေကို စုံမှိတ်ထားလိုက်တယ်။

အဲ့ဒီအချိန်မှာ ကြီးမားလေးလံတဲ့ အရာကြီးတခုပေါ်လာပြီး စက်ရုပ်တွေကို တိုက်ခိုက်ချေမှုန်းလိုက်တယ်။

ဧရာမစက်ရုပ်တွေဟာ အဲ့ဒီအရာကြီးက ပစ်လိုက်တဲ့ လျှပ်စစ်မီးပွားတွေကြောင့် ကွဲအက်ပျက်စီးသွားခဲ့တယ်။

ဂျီရန်လန်အတွက်တော့ ကံကြမ္မာရဲ့ တုန်လှုပ်ချောက်ချားဖွယ်ရာ ကျီစားချက်ပါပဲ။

ဂျီရန်လန်ဟာ အကယ်ခံလိုက်ရလို့ ပျော်ရွှင်သွားခဲ့ပေမဲ့ အဲ့ဒီပျော်ရွှင်မှုတွေဟာ သူမရှေ့က တိုင်တန်ကြီးကြောင့် နေလာနှင်းပျောက်သလို ကွယ်ပျောက်သွားခဲ့ပါတယ်။

သူမဟာ စက်ရုပ်တွေကို ရင်မဆိုင်နိုင်ခဲ့ဘူး။ အခု စက်ရုပ်တွေလက်က လွတ်ခဲ့ပေမဲ့ တိုက်တန်ကြီးလက်ကို ရောက်ရှိသွားခဲ့တယ်။ သူမအဖြစ်က သူခိုးလက်က သူဝှက်လုခံရတဲ့ အဖြစ်မျိုး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now