1341 - 1345

184 16 0
                                    


Super God Gene (1341)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၄၁)
-------- --------- -------- ------- -------
" ငါ့မှာ မတူညီတဲ့ စွမ်းအားတွေအများကြီးရှိတယ် "

ဟန်ဆန်းက စကားစပြောလိုက်တယ်။

သိုးတကောင်နဲ့စကားပြောရတာ အူကြောင်ကြောင်နိုင်လွန်းတယ်။ ဒါပေမဲ့လဲ အုပ်စုတစုရဲ့အစိတ်အပိုင်းဖြစ်ခွင့်ရတာဟာ ကောင်းမွန်တဲ့အခွင့်အလမ်းတခုဖြစ်တယ်လို့ သူယုံကြည်ပါတယ်။

သူဟာ သိုးတွေရဲ့မဟာမိတ်တယောက်ဖြစ်လာရင် လတ်တလောအန္တရာယ်တွေအတွက် အလွန်အမင်းစိုးရိမ်စရာမလိုတော့ပါဘူး။

ဒါပေမဲ့ သိုးက သူ့ရဲ့တုံ့ပြန်စကားကို အရေးစိုက်တဲ့ပုံမပေါ်ဘူး။

ဟန်ဆန်းဟာ အဲဒါကို သတိထားမိတယ်။ သူတို့အကြားမှာ နားလည်မှုတခုတည်ဆောက်ဖို့ လိုနေပါတယ်။

'' ငါက သက်ရှိ,သက်မဲ့တွေကို ဖျက်ဆီးနိုင်တယ် ''

ဟန်ဆန်းက ရဲရဲဝံ့ဝံ့ ပြောချလိုက်တယ်။ သူလိမ်ပြောခဲ့တာ မဟုတ်ပါဘူး။ တုံရွမ်ခန္ဓာကျင့်စဉ်ရဲ့ဒသမသော့က သက်ရှိသက်မဲ့တိုင်းရဲ့ မူလအစအက်တမ်အစဉ်တန်းကို ဖျက်ဆီးနိုင်တယ်။ အဲဒီပထမဆုံး အက်တမ်အစဉ်တန်းပျက်စီးသွားရင် အက်တမ်တည်ဆောက်ပုံတခုလုံးပျက်စီးသွားလိမ့်မယ်။ အက်တမ်တွေပျက်စီးသွားရင် သက်ရှိသက်မဲ့တွေလဲ ပျက်စီးသွားလိမ့်မယ်။

သိုးဟာ မျက်နှာရှုံ့မဲ့သွားပြီး မယုံကြည်တဲ့ဟန်နဲ့ ခြေဆောင့်ပြီး ပြန်ထွက်သွားပါတယ်။ 

" မသွားနဲ့အုံး၊ ငါပြောတာကို နားထောင်သွားအုံး ''

ဟန်ဆန်းက သိုးဟာ သူ့ဆီက ဘာလိုချင်တယ်၊ ဘာမျှော်လင့်ထားတယ်ဆိုတာ သိချင်ပါတယ်။

" မင်းမှာက မျိုးရိုးဗီဇအဆီအနှစ်တောင် မရှိသေးဘူး၊ မင်းလိုမျိုး အားနည်းတဲ့ သတ္တဝါတကောင်က ဘာလုပ်နိုင်မှာမို့လဲ၊ ငါတို့မှာက တခြားသူတွေကို ကုသပေးနိုင်တဲ့သူ လိုနေတာ၊ သက်ရှိသက်မဲ့တွေကို ဖျက်ဆီးနိုင်တဲ့သူတွေက ပေါလွန်းလို့ ကျပန်းသွားရှာရင်တောင် အလွယ်တကူ တွေ့နိုင်တယ်၊ မင်းလိုငချွတ်ကလေးထက် သာတဲ့သူတောင် တွေ့နိုင်သေးတယ် "

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now