1351 - 1355

202 19 0
                                    


Super God Gene (1351)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၅၁)
-------- --------- -------- ------- -------
သားရဲတကောင်ဟာ ဟန်ဆန်နောက်ကို ရောက်လာတယ်။ ဥက သားရဲရဲ့လက်မောင်းကို သွားဆောင့်ပြီး အဝေးကို ပြန်ကန်ထွက်သွားတယ်။ ဥဟာ သာမန်လက်သီးဆုပ်အရွယ်လောက်ရှိပါတယ်။

ဥဟာ သားရဲတွေကို သွားသွားဆောင့်နေပေမဲ့ ဥကြောင့် ဘယ်သားရဲမှ အထိအခိုက် မရှိခဲ့ပါဘူး။

" ငါက ဒီလိုဥတဥရဖို့ အချိန်တွေ၊ ခွန်အားတွေ အများကြီး ပေးခဲ့ရတယ်၊ မတန်လိုက်တာ "

ဟန်ဆန်းဟာ အကျိုးမရှိ၊ အသုံးမဝင်တဲ့ မျိုးရိုးဗီဇအဆီအနှစ်ကို ရရှိခဲ့လို့ ဝမ်းနည်းကြေကွဲသွားပါတယ်။

" ဘာပဲဖြစ်ဖြစ်၊ အဲဒီတွင်းဆီတော့ ရောက်အောင် ဆက်သွားရမယ် "

ဟန်ဆန်းက ကိုယ့်ကိုယ်ကိုယ်ပြောပြီး ဆက်သွားခဲ့ပါတယ်။ 

ဥနဲ့ ထိမိ,တိုက်မိ,ခိုက်မိတဲ့ သားရဲတွေဟာ သွားမြဲအတိုင်း၊ လှုပ်ရှားမြဲအတိုင်း ဆက်သွား ဆက်လှုပ်ရှားနေတယ်။ အဲဒါက ဥဟာ ဟန်ဆန်းအတွက် အသုံးမဝင်ဘူးဆိုတာကို သက်သေပြနေပါတယ်။

ဟန်ဆန်းဟာ သူ့သွားလမ်းတလျှောက် တွေ့သမျှ သားရဲတွေကို သတ်ပစ်ခဲ့တယ်။

ငွေတောင်ပံနဲ့လူဝံတကောင်ဟာ ဟန်ဆန်းရဲ့ကျောကုန်းကို လက်သည်းနဲ့ ကုတ်နိုင်ခဲ့တယ်။ ဟန်ဆန်းဟာ ဆိုးဆိုးရွားရွားနာကျင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ဘာဝေဒနာမှ မခံစားခဲ့ရဘူး။

ဟန်ဆန်းဟာ အတော်လေး အံ့အားသင့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်သည်းကုတ်ချက်က သူ့ကို ထိခိုက်စေသင့်တယ်လို့ သိထားခဲ့လို့ပါ။ အဲဒါကြောင့် ဒဏ်ရာကို တုံရွမ်အော်ရာနဲ့ စစ်ဆေးကြည့်လိုက်တယ်။

ထူးဆန်းပါတယ်။ သူ့ကျောမှာ ဘာထိခိုက်ပျက်စီးမှုမှ မရှိခဲ့ဘူး။ ယုတ်စွအဆုံး သူ့ချတ်ဝတ်တန်ဆာမှာတောင် ဘာထိခိုက်ပျက်စီးမှုမှ မရှိခဲ့ပါဘူး။

" ဒါက ဘယ်လိုဖြစ်တာလဲ... ဘာလဲတော့မသိဘူး... တခုခုတော့ တခုခုပဲ... ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now