1776 - 1780

38 3 0
                                    

Super God Gene (1776)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၇၇၆)
-------- --------- -------- ------- ------
လေယာဉ်ကို ဖျ-က်ချလိုက်တဲ့အချိန်ကစပြီး တလမ်းလုံး တိတ်ဆိတ်သွားခဲ့တယ်။

'' အစ်ကိုခုန်း... ခင်ဗျားက မကြောက်ပေမဲ့ ကျနော်တို့က သာမန်လူတွေဆိုတော့ ကြောက်တယ်၊ ကျနော်တို့ကို အတောင်လူသားတွေ ရန်လာရှာမှာကို စိုးရိမ်တယ် "

ဟန်ဆန်းက လမ်းလျှောက်ရင်း တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်တယ်။ 

ခုန်းဖေးက မျက်လုံးတွေကို မှေးထားလျက် ဟန်ဆန်းကို ကြည့်လိုက်တယ်။

" ငါက မင်းတို့အတွက် တာဝန်ယူပေးရမှာလား "

" မလိုပါဘူး၊ ကျနော်ဆိုလိုတာက ကျနော်တို့ ကိုယ့်ဟာကိုယ် ရှေ့ဆက်နိုင်မဲ့ လမ်းကြောင်းတခုကို ထောက်ပြပေးစေချင်တယ် ''

ခုန်းဖေးက ရယ်လိုက်ပြီး-

" ငါတောင် ငါ့ဟာငါ မနည်း ရပ်တည်နေရတာ၊ မင်းတို့ကို ဘယ်လိုထောက်ပြပေးရမလဲ၊ ဘယ်လိုလမ်းညွှန်ပေးရမလဲ၊ ငါလဲ မသိဘူး၊ ငါပြောလိုက်မှ မင်းတို့တွေ ပိုပြီး ခက်ခဲသွားမှာ စိုးရိမ်တယ် "

လို့ ပြန်ပြောခဲ့တယ်။

ဟန်ဆန်းဟာ ဘာမှ ပြန်မပြောနိုင်တော့ဘူး။ သူတို့မှာ သူ့နောက်ကို ဆက်လိုက်ဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ပါဘူး။ 

ခုန်းဖေးက သူတို့နှစ်ယောက်ကို ဘာဖြစ်လို့ ခေါ်လာတာလဲ။ သူ့ရည်ရွယ်ချက်ကို သူလဲ နားမလည်ပါဘူး။

ခုန်းဖေးဟာ သူတို့ကို မနှစ်သက်ဘူးဆိုရင် အလွယ်တကူ သ-တ်ပစ်နိုင်ရဲ့သားနဲ့၊ ဘာလို့ ခေါ်လာခဲ့သလဲ။ အဲဒီမေးခွန်းရဲ့အဖြေကို သူသိချင်ပါတယ်။

နောက်ပြီး ခုန်းဖေးဟာ ပုံဆောင်ခဲလူသားတယောက် ဖြစ်နေမလားလို့တောင် တွေးမိခဲ့တယ်။ ခုန်းဖေးဟာ ညလူနဲ့ အတော်လေးတူနေပါတယ်။

မော့စစ်တောင်ဟာ ဂရန်းမြို့ရဲ့အနောက်ပိုင်း မိုင်ပေါင်းတထောင်အကွာမှာ ရှိပါတယ်။ အဲဒီကို ရထားနဲ့ သွားလို့ ရပေမဲ့ ခုန်းဖေးက မသွားချင်ခဲ့ဘူး။ အစပိုင်းမှာ သူတို့ဟာ ထွန်စက်ကို စီးနိုင်ခဲ့ပေမဲ့ အခုတော့ ခြေကျင်လျှောက်နေရပါတယ်။ အဲဒါကြောင့် ခရီးမတွင်ဘဲ နှေးကွေးခဲ့ပါတယ်။

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now