1766 - 1770

78 5 0
                                    

Super God Gene (1766)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၇၆၆)
-------- --------- -------- ------- ------
" အဲဒီလူက ဘယ်သူလဲ၊ သူက ငါပြောတာကို နားမလည်တာလား "

ဟန်ဆန်းက မေးလိုက်တယ်။ 

ဟိုင်းအာက အဲဒီလူကို ခါးခါးသီးသီး စိုက်ကြည့်ပြီး ပြောလိုက်တယ်။

" သူက ပြောတဲ့အတိုင်း တကယ်လုပ်တယ်၊ အဲဒါက ကျမတို့အတွက် မကောင်းဘူး ''

" သူက တယောက်ယောက်ကို သ-တ်ချင်တယ်လို့လဲ ပြောတယ်၊ ထွက်လဲ ထွက်သွားတယ်၊ အဲဒါက ဘာဖြစ်လို့လဲ ''

ဟန်ဆန်းက မေးလိုက်တယ်။

" ကျန်းယွဲ့လို အဆင့်မြင့်မျိုးနွယ်ဝင်တွေက သူတို့ကိုယ်သူတို့ ဇာတ်မြင့်လို့ သတ်မှတ်ပြီး  အဆင့်နိမ့်မျိုးနွယ်ဝင်တွေကို သူတို့နဲ့ အဆင့်မတူတဲ့ ဇာတ်နိမ့်တွေဆိုပြီး ကိုယ်တိုင်သ-တ်ဖို့ စိတ်မဝင်စားကြဘူး၊ သူတို့က ဘယ်သူ့ကို သ-တ်ချင်တယ်လို့ တခွန်းပဲ ပြောလိုက်ဖို့ လိုတယ်၊ တခြားသူတွေက သူတို့စကားကို အခွင့်အရေးတခုလို့ သတ်မှတ်ပြီး ဆုလာဘ်တွေရဖို့ မျှော်လင့်ချက်နဲ့ ကျမတို့ကိုသ-တ်ဖို့ သိပ်မကြာခင် ဒီကိုရောက်လာကြလိမ့်မယ် ''

ဟိုင်းအာက ခေါင်းခါပြီး ပြန်ဖြေခဲ့တယ်။

'' မျိုးရိုးဗီဇခန်းမမှာ ရှင်တို့မျိုးရိုးရဲ့နာမည်ကို ရေးထိုးနိုင်မှ ရှင်တို့က ဇာတ်မြင့်တွေဖြစ်လာမယ်၊ အဲဒီလို မရေးထိုးနိုင်ရင် ရှင်က ဒုခ်ဖြစ်နေရင်တောင် ဇာတ်နိမ့်ပဲ ''

ဟိုင်းအာက ပြောလိုက်တယ်။

" မျိုးရိုးဗီဇဆိုတာခန်းမက ဘာလဲ "

ဟန်ဆန်းက ထပ်မေးလိုက်တယ်။

" မသိဘူး၊ လူကြီးတွေပြောတာပဲ ကြားဖူးတယ်၊ မျိုးရိုးဗီဇခန်းမမှာ မီးအိမ်တလုံး ထားနိုင်ရမယ်တဲ့၊ မီးအိမ်မထားနိုင်ဘူးဆိုရင် ဇာတ်နိမ့်ပဲတဲ့ ''

ဟိုင်းအာက အလျင်အမြန် ပြန်ဖြေခဲ့တယ်။ ပြီးတော့ ဟိုကြည့်ဒီကြည့် ကြည့်ပြီး ဆက်ပြောခဲ့တယ်။ 

" ဒီအချိန်က စကားပြောရနေရမဲ့အချိန် မဟုတ်ဘူး၊ ပြေးရမဲ့အချိန်၊ အနည်းဆုံး ဇီနိုဂျင်းနစ်ရပ်ဝန်းဒေသရဲ့ အပြင်ဘက်ကို ရောက်အောင် ပြေးရမယ်၊ အဲဒီလို ပြေးနိုင်မှ  အသက်ရှင်နိုင်မယ် "

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now