1181 - 1185

181 19 0
                                    


Super God Gene (1181)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၈၁)
-------- --------- -------- ------- -------
" မင်းကို ချင်ကျွင်းနောက်ကို လိုက်ဖို့ ငါမပြောခဲ့ဘူးလား၊ ကျန်းယုချန်ကို ပြန်ပေးလိုက်ပါ၊ မဟုတ်ရင် မင်းသေလိမ့်မယ် "

လက်ရေးက အလျင်စလို သော့ရေးထားတယ်။ ဟန်ဆန်းဟာ စိုးရိမ်ကြောင့်ကျမနေဘဲ စာကို လွှင့်ပစ်လိုက်တယ်။ သူက စာပါအကြောင်းအရာထက် စာရေးသူကိုပဲ ဂရုစိုက်ပါတယ်။

သူလုပ်ထားတာကို အရိုးခြောက် ဒါမှမဟုတ် ကလေးတစ္ဆေတို့က တာဝန်ခံစရာ မလိုပါဘူး။

သူတို့ဟာ ချင်ကျွင်းကို မကြိုက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီးပြီ။ ဖြစ်နိုင်ရင် သူတို့ဟာ သူမကို ဖြိုချင်တယ်။ ဒါပေမဲ့ သူတို့နဲ့ သွေးဒေသရဲ့ သွေးစစ်တပ်နဲ့ ဘယ်လိုပတ်သက်နေလဲ။

အခုတော့ ဟန်ဆန်းဟာ ကန့်လန့်ကာနောက်ကွယ်ကလူ သူ့ဟာသူ ကိုယ်ထင်ပြလာမှာကိုပဲ စောင့်နေလိုက်ပါတယ်။ ချီဖျင်ဟာလဲ သူ့နောက်မှာ ရှိလိမ့်မယ်လို့ သူထင်ပါတယ်။

ဟန်ဆန်းဟာ ရက်အနည်းငယ် စောင့်ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ ပေါ်မလာပါဘူး။

နောက်ထပ်ရက်အနည်းငယ်အကြာမှာတော့ သူ့စားပွဲပေါ်မှာ နောက်ထပ်စာတစောင် တွေ့ရပါတယ်။ 

" မင်း ဒီရဲတိုက်ကနေ ထွက်သွားတော့၊ မင်းမှာ အန္တရာယ်ရှိနေပြီ ''

ဟန်ဆန်းဟာ အဲဒီစာကိုလဲ လုံးချေပြီး လွှင့်ပစ်လိုက်ပါတယ်။ သူဟာ ဒီနေရာကနေ ထွက်ခွာဖို့ ဆန္ဒမရှိသေးပါဘူး။

ဟန်ဆန်းဟာ စာတွေကို ဘယ်သူလာထားနေလဲ၊ စာတွေကို သူသတိမထားမိအောင် အကြိမ်ကြိမ်လာထားနေတာ ဘယ်သူလဲ၊ စတာတွေကို သိချင်ပါတယ်။ စာတွေကို လာထားသူဟာ တော်ဝင်ဝိညာဉ် တယောက်လဲ ဖြစ်နိုင်သလို စူပါသားရဲတကောင်လဲ ဖြစ်နိုင်ပါတယ်။  

အရိုးခြောက်နဲ့ ကလေးတစ္ဆေတို့ဆီမှာ စိုးရိမ်ပူပန်နေတဲ့ အရိပ်အယောင်မျိုး နည်းနည်းလေးမှ မတွေ့ရတာမို့ သူတို့ းနှစ်ယောက်စလုံးဟာ စာပို့သူမဖြစ်နိုင်ပါဘူး။ သူတို့ဟာ ခါတိုင်းလိုပဲ သွားလာလှုပ်ရှားနေကြပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now