1036 - 1040

194 21 0
                                    


Super God Gene (1036)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၃၆)
-------- --------- -------- ------- --------
ကြည့်နေရင်း ကြည့်နေရင်းနဲ့ ဟန်ဆန်းရဲ့ လေသိုင်းဟာ တနည်းတဖုံ လှုပ်ရှားသက်ဝင်လာတယ်။ တစုံတရာက နှိုးဆွပေးလိုက်သလိုပဲ။ အဲ့ဒီအချိန်မှာပဲ သူဟာ မိုးပေါ်ကို ဝှီးခနဲ ထိုးတက်သွားသလို ခံစားလိုက်ရတယ်။ 

ငှက်တွေကို ဆက်လက်ကြည့်ရှုတုန်း ခပ်အုပ်အုပ်မြည်သံတသံကို ရုတ်တရက် ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ခန်းမရဲ့ ဘယ်ဘက်ခြမ်းမှာ နံရံတခုမြင့်တက်လာတာကို တွေ့လိုက်ရတယ်။ နံရံမှာ တံခါးပေါက်တခုပါဝင်ပြီး အထဲမှာ အခန်းတခန်းရှိပါတယ်။

အခန်းထဲမှာ အရပ်ကိုးပေမြင့်တဲ့ ဝိညာဉ်တယောက် မတ်တတ်ရပ်နေတယ်။ သူ့ကို တချက်လောက် ကြည့်လိုက်ရုံနဲ့၊ သူ ဘယ်လောက် သန်မာတယ်ဆိုတာကို သိနိုင်တယ်။ သူဟာ ဟန်ဆန်းကို ဖိတ်ဖိတ်တောက်နေတဲ့ မျက်လုံးသုံးလုံးနဲ့ စိတ်လှုပ်ရှားစွာ ကြည့်နေတယ်။

“ အနှစ်တသိန်းအကြာမှာ ငါ ချဲ့ချင် လွတ်မြောက်ပြီ ''

ဝိညာဉ်ဟာ အဖျားတက်နေသူလို တုန်တုန်ယင်ယင်နဲ့ ခပ်တိုးတိုး ရေရွတ်လိုက်တယ်။

ဟန်ဆန်းဟာ ဝိညာဉ်ကို တအံ့တဩ ကြည့်နေမိတယ်။ ဒီနေရာကို ရောက်ကတည်းက တုံရွမ်အော်ရာကို သုံးလို့ မရတာကြောင့် ဝိညာဉ်တယောက်ရှိနေတာကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ဘူး။

ဝိညာဉ်ဟာ သူပြောသလို ဒီနေရာမှာ အချိန်အကြာကြီး ပိတ်မိနေတယ်ဆိုရင် သူ့မှာ ထူးခြားမှုတစုံတရာ ရှိလိမ့်မယ်။

ဟန်ဆန်းဟာ မကြောက်ပါဘူး။ ဝိညာဉ်ဟာ တော်ဝင်ဝိညာဉ် ဖြစ်နေရင်တောင် သူ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ နောက်ဆုံးဝှက်ဖဲ စူပါဝိညာဉ်ဧကရာဇ်အသွင်ရှိပါတယ်။ 

" ဘာကြည့်နေတာလဲ၊ ဒီကိုလာပြီး ငါ့ကို ဂါဝရပြုအုံး "

သူ့ကိုယ်သူ ချဲ့ချင်လို့ ပြောလိုက်တဲ့ ဝိညာဉ်က အမိန့်ပေးလိုက်တယ်။

" မင်းက ငါ့ကို စကားပြောနေတာလား "

ဟန်ဆန်းက အံ့အားသင့်စွာ မေးလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now