1511 - 1515

150 16 1
                                    

Super God Gene (1511)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၁၁)
-------- --------- -------- ------- ------
ရှာဖီဟာ တီနာကို ခေါ်ပြီး သူမရဲ့မူအစီအစဉ်အတိုင်း ဟိုတယ်ကို သွားခဲ့တယ်။ ဒါပေမဲ့ ဧည့်ခန်းထဲရောက်တော့ ဟန်ဆန်း ဒါမှမဟုတ် ဟန်ရင်ကို မတွေ့ရပါဘူး။ 
-------- --------- -------- ------- -------
ရီဒေါင်းမူဟာ ဒီလိုပါတီပွဲတွေကို မနှစ်သက်တာကြောင့်
ဟန်ဆန်းကို ဟိုတယ်မှာရှိတဲ့ လေ့ကျင့်ရေးခန်းမတခုဆီကို ခေါ်သွားခဲ့တယ်။

" ဟန်ဆန်း... ဒီဆယ်နှစ်အတွင်း မင်းက လက်ရည်တက်လာလား၊ ကျသွားလား၊ ကြည့်ရအောင် ''

ရီဒေါင်းမူက လေ့ကျင့်ရေးကွင်းပြင်ထဲကို လမ်းလျှောက်ဝင်သွားပြီး ဓ ားတလက်ကို ကိုင်လျက် ပြောလိုက်တယ်။ 

ဟန်ဆန်ကလဲ လေ့ကျင့်ရေးကွင်းပြင်ထဲကို လမ်းလျှောက်သွားလိုက်ပြီး ဓ ားတလက်ကို ယူလျက် ပြန်ပြောလိုက်တယ်။

'' ငါက မတိုးတက်ရင်တောင် ကျဆင်းသွားမှာတော့ မဟုတ်ဘူး ''

ရီဒေါင်းမူက ပြန်မပြောဘဲ ဓ ားမြှောင်ကို ကိုင်လျက်အနေအထားနဲ့ ရှေ့ကို တလှမ်းတက်ခဲ့တယ်။ 

ဟန်ရင်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဖန်းယွမ်ယွမ်၊ ကျောက်မင်ဇီတို့ကလဲ ပွဲကြည့်စင်မှာ ထိုက်လျက် ကြည့်နေကြပါတယ်။

ဟုန်လျန်ရွင်းလဲ စောင့်ကြည့်ရင်း စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်တယ်။

" အကိုဟန်နဲ့ အကိုရီ... ဘယ်သူက ပိုသန်မာမလဲ... ''

ဖန်းယွမ်ယွမ်က သူမယုံကြည်ရာကို ထုတ်ဖော်ဖြေကြားလိုက်တယ်။ 

" ငါ့အထင်တော့ ငါ့အကိုရီ နိုင်လိမ့်မယ်၊ ရင်လေးအကိုက သန်မာပေမဲ့ ဆယ်နှစ်အတွင်း တို က်တာ ခို က်တာတွေကို မလုပ်ခဲ့ရဘူး၊ ဓ ားဆိုတာက ေ သွးနေမှ ထက်တာလေ၊ သူက အာကာသထဲမှာ မျောနေတာဆိုတော့ အဲဒီနှစ်တွေမှာ လေ့ကျင့်ဖို့တောင် အချိန်ရခဲ့မှာ မဟုတ်ဘူး ''

ဟန်ရင်က ပြုံးပြီး ပြောလိုက်တယ်။

" ငါ့အကိုက နင်ပြောသလို မေ သွးဘဲထားတဲ့ ဓ ားလို သံချေးတက်နေတယ်ပဲ ထားပါတော့၊ ဒါပေမဲ့ သူက အကိုရီကို ရှုံးမှာ မဟုတ်ဘူး ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now