1591 - 1595

132 9 0
                                    

Super God Gene (1591)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၉၁)
-------- --------- -------- ------- ------
ဒုတိယဦးလေးက ပြုံးပြီး ဖြေလိုက်တယ်။

“ အဲဒီလူက ဘယ်သွားသွား အသက်ရှင်သန်အောင် နေနိုင်တယ်၊ သူက လဲကျပြီးေ သမဲ့ လူစားမျိုးမဟုတ်ဘူး ”

" ဒါဆို အခု သူက ဘယ်မှာလဲ "

ဟန်ဆန်းက မေးလိုက်တယ်။

ဒုတိယဦးလေးက မဖြေဘဲ သစ်သားစားပွဲတလုံးမှာ ဝင်ထိုင်လိုက်တယ်။ ပြီး လက်ဖက်ရည်သုံးခွက်ကို ငှဲ့ပြီး ဟန်ဆန်းနဲ့နင်ယွဲ့ကို နှစ်ခွက်ပေးလိုက်တယ်။ သူက တငုံသောက်ပြီးနောက် ခွက်ကို သူ့ရှေ့မှာ ချပြီး ပြောလိုက်တယ်။  

“ သူဘယ်မှာလဲဆိုတာ ငါလဲ သိချင်တယ် ''

ဟန်ဆန်းက စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။ 

'' ဦးလေးက ကျနော့်ဆီမှာ အဖြေရှာရင် မှားသွားမယ်၊ သူဘယ်မှာနေလဲဆိုတာထားအုံး သူ့ကို ကျနော် တခါမှ မမြင်ဖူးဘူး "

ဒုတိယဦးလေးက ခေါင်းခါပြပြီး ပြောလိုက်တယ်။

“ သူဘယ်မှာလဲဆိုတာကို  မင်းမသိဘူးဆိုတာ ငါသိတယ် ''

" ဒါဆို ဦးလေးက ကျနော့်ကို ဘာလို့ခေါ်တွေ့တာလဲ "

ဟန်ဆန်းက မေးလိုက်တယ်။

ဟန်ဆန်းက ဒုတိယဦးလေးက သူ့ဆီကနေ ဘာလိုချင်နေလဲ။ သူနားမလည်တော့ပါဘူး။

ဒုတိယဦးလေးက ဟန်ဆန်းကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။ 

" ဟန်ကျင့်ရှီနဲ့ မင်းနဲ့က ဘာမှ မတော်ဘူးလို့ ပြောရင် မင်းယုံမလား ''

ဟန်ဆန်းက အံ့အားသင့်သွားပြီး-
“ ဘာလို့လဲ ”
လို့ ပြန်မေးလိုက်တယ်။

ဟန်ဆန်းဟာ အတိတ်တုန်းက ဒီအကြောင်းနဲ့ပတ်သက်ပြီး သံသယတွေရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့အဖေက ဟန်ကျင့်ရှီဟာ သူ့အဘိုးလို့ ပြောခဲ့တယ်။ အခု ဒုတိယဦးလေးက သူနဲ့ဟန်ကျင့်ရှီဟာ သွေးသားမတော်စပ်ဘူးလို့ ပြောလာတယ်။ သူ မယုံပါဘူး။ ဒါပေမဲ့လဲ ဒုတိယဦးလေး ပြောတာကို နားထောင်ချင်စိတ်ရှိနေပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now