1096 - 1100

200 22 0
                                    


Super God Gene (1096)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၉၆)
-------- --------- -------- ------- --------
" ဒါလေးများ၊ အေးဆေးပါကွာ၊ ငှက်ပျောသီး အခွံနွှာစားတာကတောင် ခက်အုံးမယ်၊ ဟဲဟဲ ''

ဝမ်လင်းက နှင်းခဲခန္ဓာကျင့်စဉ်ကို ပြန်လှည့်ကြည့်ရင်း ပြောလိုက်တယ်။

ဒါပေမဲ့ ဝမ်လင်းဟာ ဖတ်နေရင်း မျက်နှာပျက်လာပါတယ်။ မူရင်းမှာ နှင်းခဲဓာတ်သဘာဝအကြောင်း ရေးသားဖော်ပြထားပေမဲ့ ကျင့်စဉ်က အဲ့ဒီဓာတ်သဘာဝအပေါ် အခြေခံတယ်လို့ ရေးထားတာတော့ မရှိပါဘူး။

'' မဟုတ်ဘူး... မဟုတ်သေးဘူး... ''

ဝမ်လင်းဟာ အာရုံပိုစိုက်လို့ရအောင် မျက်လုံးတွေကို မှေးကြည့်လိုက်တယ်။ စကားလုံးတွေက နှင်းခဲဓတ်သဘာဝကို အဓိကဓာတ်သဘာဝအဖြစ် မထောက်ခံတဲ့ ပုံစံနဲ့ ရေးထားတာကိုပဲ တွေ့ရပါတယ်။

သူဟာ စာသားထဲမှာ နှင်းခဲဓာတ်သဘာဝတွေ၊ လေအေးတွေ ပါဝင်နေတာကို ဖော်ပြနိုင်ပေမဲ့လဲ ပရော်ဖက်ရှင်နယ်တွေကတော့ ဝမ်လင်းဟာ သူ့အမှားကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလို့ပဲ မြင်ကြပါတယ်။

လူတိုင်းလူတိုင်းဟာ အခုမှ အံ့အားသင့်သွားကြတယ်။ တချိန်တည်းမှာပဲ နှင်းခဲခန္ဓာကျင့်စဉ်ကို ပြူ းတူးပြဲတဲ စူးစိုက်ကြည့်လိုက်ကြတယ်။ နှင်းခဲခန္ဓာကျင့်စဉ်ဟာ နှင်းခဲဓာတ်သဘာဝကို အခြေခံတယ်လို့ ဘယ်နေရာမှာမှ အတိအလင်း ဖော်ပြမထားပါဘူး။ အဲ့ဒါကို သူတို့ဟာ သတိပြုမိသွားကြပါတယ်။

သူတို့ဟာ ရှီမိသားစုက ပြောတာရယ်၊ ခေါင်းစဉ်မှာလဲ နှင်းခဲပါတာရယ်၊ ရှီမိသားစုဝင်တွေကလဲ နှင်းခဲဓာတ်သဘာဝတွေကို ထုတ်ဖော်ပြသခဲ့ကြတာရယ်ကြောင့် နှင်းခဲခန္ဓာကျင့်စဉ်ဟာ နှင်းခဲဓာတ်သဘာဝအပေါ် အခြေခံတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

" ကဲ... ဆက်ရှာမနေနဲ့တော့၊
နှင်းခဲဓာတ်သဘာဝက ကျင့်စဉ်ရဲ့ အခြေခံဓာတ်သဘာဝဖြစ်တယ်လို့ ဘယ်နေရာမှာမှ ရေးမထားဘူး၊ ဒါပေမဲ့ ကျောက်စိမ်းခန္ဓာကျင့်စဉ်ရဲ့ အစမှာ ယင်အားနဲ့ နှင်းခဲဓာတ်သဘာဝပေါင်းစပ်တာကို အထူးတလည် ရည်ညွှန်းထားတယ်၊ အဲ့ဒီတော့ အမှားလုပ်မိဖို့ လွယ်သွားတာပေါ့ "

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now