1491 - 1495

191 20 0
                                    

Super God Gene (1491)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၄၉၁)
-------- --------- -------- ------- ------
ဟန်ဆန်းက သူ့ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ဒီအနီးတဝိုက်မှာ သားရဲတွေ ဘာကြောင့်မရှိတာလဲဆိုတာကို နားလည်သွားခဲ့တယ်။ သူတို့ဟာ ခရမ်းရောင်ဂဏန်းကို ကြော က်လို့ ဒီနေရာကနေ ထွက်ခွာသွားကြပုံရတယ်။ ခရမ်းရောင်ဂဏန်းဟာ ဝိညာဉ်တွေရဲ့တို က်ခို က်မှုကို သူ့အခွံနဲ့ပဲ ခံခဲ့တယ်။ အဲဒါက သူဘယ်လောက်သန်မာတယ်ဆိုတာကို ပြနေပါတယ်။

ဟန်ဆန်းဟာ ဂဏန်းနဲ့ဝိညာဉ်တွေ တို က်ခို က်နေတုန်း ဂဏန်းကို တုံရွမ်အော်ရာနဲ့ စစ်ဆေးခဲ့တယ်။ ဂဏန်းအခွံရဲ့အရောင်က အနက်နဲ့ခရမ်းရောစပ်ထားတဲ့ အရောင်ပါ။ အခွံပေါ်မှာ အဟတွေ၊ အကွဲကြောင်းတွေမရှိပါဘူး။ အခွံတခုလုံးဟာ သံမဏိနဲ့ လုပ်ထားသလိုပဲ၊ အလွန်မာကျောတယ်။

သူ့ခန္ဓာကိုယ်က မြေတူးစက်ထက် နည်းနည်းပိုကြီးပြီး အလွန်မြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်တယ်။ သူ့ပုံစံက ဂဏန်းတကောင်ထက် ပင့်ကူတကောင်နဲ့တောင် ပိုတူနေပါတယ်။

ဝိညာဉ်ခြောက်ယောက်ဟာ ဂဏန်းကို ဝိုင်းရံတို က်ခို က်နေပေမဲ့ ဂဏန်းကတော့ မဖြုံပါဘူး။

ဟန်ဆန်းဟာ ဆက်မေ ပြးတော့ဘဲ ဂဏန်းနဲ့ ဝိညာဉ်ခြောက်ယောက် တို က်ခို က်နေတာကို စောင့်ကြည့်နေခဲ့တယ်။

ဝိညာဉ်ခြောက်ယောက်ရဲ့ စူပါမျိုးရိုးဗီဇအဆီအနှစ်တွေက ဂဏန်းခွံကို ခဏခဏ ရို က်မိပေမဲ့ ဂဏန်းခွံကတော့ ထိခို က်ပျ က်စီးတာမျိုးမရှိခဲ့ဘူး။ 

" ငါနဲ့ သရဲအရိပ်က ဒီဂဏန်းကို ထိန်းထားမယ်၊ မင်းတို့က ဟိုလူနောက်လိုက်ပြီး သူ့ကို သ တ်လိုက် "

ဝိညာဉ်တယောက်က အော်ပြောလိုက်တယ်။

" ဒီဂဏန်းက အရမ်းသန်မာတယ်၊ မင်းတို့နှစ်ယောက်တည်းနဲ့ ထိန်းနိုင်မှာ မဟုတ်ဘူး၊ ငါနေခဲ့မယ်၊ သရဲလက်သည်းနဲ့ မင်းတို့နှစ်ယောက်က လူသားနောက်ကို လိုက်သွားလိုက် ''

ဝိညာဉ်တယောက်က ဝင်ပြောလိုက်တယ်။

" ကောင်းပြီ "

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now