1136 - 1140

213 19 0
                                    


Super God Gene (1136)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၃၆)
-------- --------- -------- ------- -------
အခန်းထဲပြန်ရောက်တော့ ဟန်ဆန်းက ဦးလေးပိုးကောင်ပေးလိုက်တဲ့ စာလိပ်ကို စတင်ဖွင့်ဖတ်လိုက်တယ်။ သူတော်တော်အံ့သြသွားတယ်။

သူက သွေးခုန်ခန္ဓာကျင့်စဉ်ရဲ့ နောက်ထပ်မိတ္တူတစောင်ကို ရလာခဲ့တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သူ့အထင်ဟာ မှားယွင်းခဲ့တယ်။ စာလိပ်ဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ဦးလေးပိုးကောင်ရှာတွေ့ခဲ့တဲ့၊ အသက်တံခါးလို့ အမည်ရတဲ့ ချိကုန်းကျင့်စဉ်ဖြစ်ပါတယ်။

အသက်တံခါးဟာ အားထောက်ပို့ကျင့်စဉ်တခုဖြစ်ပြီး လူတယောက်ရဲ့ ကိုယ်တွင်းပိုင်းကို အားကောင်းစေပါတယ်။

အသက်တံခါးဟာ နတ်ဆိုးခန္ဓာကျင့်စဉ်၊ သွေးပုန်ကျင့်စဉ်တို့နဲ့ သဘောတရားတူတယ်။ ဒါပေမဲ့ အဲဒါဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတခုတည်းနဲ့ မသက်ဆိုင်ဘဲ လူတယောက်ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းတခုလုံးနဲ့ သက်ဆိုင်ပါတယ်။

အသက်တံခါးကို အောင်မြင်အောင် လေ့ကျင့်နိုင်ရင် ခန္ဓာကိုယ်တခုလုံးကို အဆင့်မြှင့်ပေးနိုင်တယ်လို့ စာလိပ်က ဆိုပါတယ်။ ဒါပေမဲ့ အသက်တံခါးကို ပြီးမြောက်အောင် လေ့ကျင့်ဖို့ လေ့ကျင့်မဲ့လူဟာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေဖို့ လိုအပ်ပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ အသက်တံခါးကျင့်စဉ်ကို ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် သူ့ခန္ဓာကိုယ်ဟာ အတော်လေး ပြန်လည်ကောင်းမွန်လာခဲ့တယ်။ သို့တိုင် အသက်တံခါးကို အလုံးစုံ ဖွင့်နိုင်ဖို့ အတွက်တော့ အချိန်ကြာကြာ ယူရလိမ့်အုံးမယ်။

ဦးလေးပိုးကောင်က သူဟာ အသက်တံခါးကို ဖွင့်ဖို့ အနှစ်နှစ်ဆယ်လောက် အချိန်ယူခဲ့ရတယ်လို့ ပြောပြခဲ့တယ်။ ဟန်ဆန်းက သူဟာ ဦးလေးပိုးကောင်ထက် အများကြီးပိုသန်မာတာကြောင့် အဲဒီလောက် နှစ်အများကြီး မကြာနိုင်ဘူးလို့ သိပါတယ်။ ဒါပေမဲ့လဲ သိုင်းပညာတခုဆိုတာ ရက်အနည်းငယ်နဲ့ သင်ယူပြီးမြောက်အောင်မြင်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။
-------- --------- -------- ------- --------
ရက်အနည်းငယ်ကြာပြီးနောက် မိုးမန့်ဘုရင်မဟာ မြေအောက်ရဲတိုက်ကို အသိုက်ရဲတိုက်အနီးရောက်အောင် အောင်အောင်မြင်မြင် ရွှေ့ပြောင်းမောင်းနှင်နိုင်ခဲ့တယ်။ မြေအောက်ရဲတိုက်ထဲ ဝင်ပြီးနောက် ဟန်ဆန်းဟာ ဇီရိုးကို ပြန်လည်မြင်တွေ့နိုင်ခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now