1481 - 1485

162 19 0
                                    


Super God Gene (1481)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၄၈၁)
-------- --------- -------- ------- -------
" အံ့သြစရာပဲ၊ သူ့ထီးက ဘာကြောင့် အရမ်းသန်မာတယ်လို့ ခံစားနေရတာလဲ "

ဟန်ဆန်းက ထီးကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ တွေးလိုက်တယ်။ အခုတော့ ထီးဟာ စူပါမျိုးရိုးဗီဇအဆီအနှစ်တခုလိုပါပဲ။

ဟန်ဆန်းတွေးနေတုန်းမှာပဲ သူမပြိုင်ဘက်က သူမကို တူနဲ့ ထုလိုက်တယ်။

သူမက မရှောင်ဘဲ ထီးကို မွှေ့လိုက်တယ်။ စုပ်ဝဲတခုဖြစ်ပေါ်လာတယ်။

သံတူက ထီးပေါ်ကျသွားပြီး ထီးထဲကို မြုပ်ဝင်သွားတယ်။

ဝိညာဉ်ဟာ လက်နှစ်ဖက်စလုံးကို သုံးပြီး တူကို ပြန်ဆွဲထုတ်လိုက်တယ်။

ဒါပေမဲ့ ပြင်းထန်တဲ့စုပ်အားကြောင့် ဝိညာဉ်ပါ ထီးထဲကို မြုပ်ဝင်သွားပါတယ်။

ထီးလည်တာရပ်သွားတဲ့အခါ ထီးရွက်ပေါ်မှာ သံတူနဲ့ဝိညာဉ်တို့ရဲ့ပုံရိပ်တွေပေါ်လာပါတယ်။

ကြည့်နေကြတဲ့ ဝိညာဉ်တွေနဲ့ သားရဲတွေဟာ မျက်နှာပျက်သွားကြတယ်။ ထီးထဲ စုပ်ယူခံလိုက်ရတဲ့ ဝိညာဉ်ဟာ သာမန်အညတရမဟုတ်ပါဘူး။ ဧကရာဇ်တယောက်ရဲ့ အမွေခံဖြစ်ပါတယ်။ အခု သူ အသ က်ရှင်နေသေးလား၊ ေ သပြီလားဆိုတာကို ဘယ်သူမှ မသိပါဘူး။
-------- --------- -------- ------- -------
" မဟုတ်သေးဘူး၊ တခုခုတော့ မှားနေပြီ၊ ထီးက အရင်တုန်းက ဒီလောက်မသန်မာပါဘူး၊ သူက အဆင့်တက်သွားခဲ့တာလား၊ ဒါပေမဲ့ ပင်မစ စ်တလင်းမှာ ကျောက်မျက်နဲ့ ကျောက်မျက်အောက် မျိုးရိုးဗီဇအဆီအနှစ်တွေကိုပဲ ခွင့်ပြုတာ မဟုတ်လား ''

ဟန်ဆန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်တယ်။

'' အခု မင်းနားလည်သွားပြီလား၊ ပြိုင်ဘက်က ဘယ်သူဖြစ်နေနေ ကိစ္စမရှိဘူး၊ နတ်ဘုရားရဲ့ မျိုးရိုးဗီဇအဆီအနှစ်က ငါ့ဟာပဲ ''

အယ်လီမွန်းဟာ တံခါးကနေ ပြန်ထွက်လာပြီး ဟန်ဆန်ဘေးမှာ ပြန်ထိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now