ဇွန်ဘီမလေးယန်ဟန်

1.8K 91 8
                                    

Chapter 1

ယန်ဟန်တွင် အမြဲတမ်း အိမ်မက်တစ်ခုမက်လေ့ ရှိသည်။ သူမက ဇွန်ဘီတွေလက်ထဲမှ လှပတဲ့အမျိုးသားတစ်ယောက်ကို ကယ်ဆယ်ပေးရတာပဲဖြစ်သည်။ ဒီလူကို ဇွန်ဘီတွေလက်ထဲမှ ဘာကြောင့်ကယ်လာမိမှန်း သူမကိုယ္သူမ နားမလည်ဖြစ်နေသည်။

သူမက နှေးကွေးစွာနဲ့ လှပတဲ့အမျိုးသားကို ပြန်သတိရသွားသည်။ ထိုအမျိုးသားမှာ နူးညံ့သိမ်မွေ့တဲ့အတွက် သူမအကြိုက်အရသာရှိနေမှာ အသေအချာပဲဖြစ်သည်။ ဒါပေမယ့် သူမ လူသားမစားတာကြာပြီဖြစ်သည်။ ယန်ဟန်က သူမအေတြးထဲ စဉ်းစားလိုက်သော်လဲ ဘယ်လောက်ကြာခဲ့ပြီမှန်း မသိတော့ပေ။

လွန်ခဲ့သောလက သူမရဲ့ဖရိုဖရဲဖြစ်နေသော အေတြးမ်ားအားလုံး ရှင်းလင်းလာသည်။ ထို့နောက် သူမ ဉီးနောက်ဟာလဲ စွမ်းအင်များပြည့်နှက်လာပြီး အသိစိတ်လဲရှိလာသည်။

သူမ မ်က္လုံးက တဖြည်းဖြည်းနှင့် တိတ်ဆိတ်နေသော မြို့တော်ကိုမြင်လာသည်။ သူမလိုပုံစံတူ အလောင်းကောင်များက ဟိုဟိုဒီဒီ လျောက်သွားနေကြသည်။

တကယ်တမ်းပြောရရင် သူမ အဲ့ဒါကို မှန်မှတဆင့်ပြန်တွေ့တာ ဖြစ်သည်။ မှန်ထဲမှ သူမကိုယ်တိုင်လဲ မြေကြီးထဲမှထွက်လာသော အလောင်းတစ်လောင်းနဲ့ တူနေသည်။ သူမကိုယ္သူမ မှန်ထဲကြည့်ပြီးနောက် သူမလဲ သူတို့ထဲမှတစ်ယောက်လို့တွေးလိုက်ပြီး လမ်းမပေါ်သို့ အသေကောင်လိုဆက်လျောက်သွားလိုက်သည်။

ယန်ဟန် သူမနာမည်ကို မမှတ်မိသည့်အပြင့် တျခားဘာကိုမွလဲ မမှတ်မိပေ။ ထို့နောက် သွေးစွန်းနေသော ကုတ်အကျီဝတ်ထားသည့် ဇွန်ဘီမတစ်ယောက်ကို မှန်ထဲမှတဆင့်တွေ့လိုက်သည်။ သူမ အနီးကပ်ကြည့်လိုက်သည်။ အဖြူရောင်ကုတ်ဝတ်ထားသည့်အတွက် သူမက ဆရာဝန်တစ်ယောက်ဖြစ်နိုင်သည်။ သူမအသက်ရှင်စဉ်အခါက အသက်မွေးဝမ်းကြောင်းအလုပ်ကို သူမ သိပ်စိတ်မဝင်စားပေ။ သူမ ကိုယ်ပိုင်မျက်နှာကို အားကျစွာကြည့်ပြီးနောက် လှည့်ပတ်သွားဖို့ရာ အပြင်သို့ထွက်ခွာသွားသည်။

လမ်းမပေါ်၌ များပြားလှစွာသော ဇွန်ဘီများရှိသည်။ ထို့အပြင့် သူတို့အားလုံးက တစ်ယောက်နှင့်တစ်ယောက် အနှောက်အယှက်မပေးပဲ ဉီးတည်ရာမဲ့စွာ လမ်းလျောက်နေကြသည်။ ဟုတ်ပါသည်။ သူတို့ထဲမွ တစ်ချို့သောဇွန်ဘီများမှာ မကျေနပ်စွာနှင့် ပြင်းထန်စွာ အော်ဟစ်နေကြသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now