ဇွန်ဘီမလေး ယန်ဟန်

159 18 0
                                    

Chapter 64

စွန်းကျားရှီ သည် လော်စပီကာကို ကိုင်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

"အားလုံး တိတ်တိတ်နေကြပါ..."

သူပြောပြီးသည်နှင့် အချိန်အတော်ကြာ ဆူညံနေသော လူအုပ်ကြီးမှာ ငြိမ်သက်သွားလေသည်။

" အခု ကျွန်းပတ်လည်မှာ ဇွန်ဘီ ထောင်သောင်းချီ ရှိနေတယ်လို့ ကျွန်းနယ်စပ်က တပ်ဖွဲ့ဝင်တွေက ပြောတယ်.... ဒါပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့က ကျွန်းတစ်ဝိုက်က ရေခဲတွေကို ဗုံးကြဲလိုက်ပါတယ်...ဒါကြောင့် ကျွန်တော်တို့ အတွက် အချိန်ပိုရသွားတယ်...ဒါပေမဲ့လည်း တစ်ကျွန်းလုံးက လူတွေရဲ့ အသက်ကို စိတ်ချလက်ချ နေလို့ မဖြစ်ပါဘူး...အရင်နှစ်တွေနဲ့ နှိုင်းရရင် ရေခဲပြင်ဟာ နွေဦးရာသီအစမှာ အရည်ပျော်သွားပါလိမ့်မယ်... နွေဦးရာသီ အစက နှစ်ရက်ပဲ လိုတော့ပေမဲ့ ရာသီဥတု ပူလာမဲ့ အရိပ်အယောင် မတွေ့ရသေးဘူး....ဗုံး‌ကြောင့် ကွဲသွားတဲ့ ရေခဲပြင်အက်ကြောင်းကလည်း သိပ်မကြာခင် ပြန်ခဲသွားမှာပဲ... အများဆုံး တစ်ရက်နဲ့ တစ်ညပဲ ခံနိုင်တယ်... ညဘက်ဆိုရင် အပူချိန် သိသိသာသာကြီး ကျဆင်းလာတဲ့အတွက် မနက်ဖြန် မနက်ဆို ရေခဲပြင် ကြီး ပြန်ဖြစ်ဖို့ များတယ်...ရေခဲပြင်ကို ဖောက်ခွဲပစ်တဲ့နည်းက အလုပ်ဖြစ်ပေမဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ အများကြီးမကျန်တော့ဘူး...အဲ့တော့ ကျွန်းတစ်ဝိုက်က ရေခဲတွေကို ဖောက်ခွဲပစ်လို့ မရနိုင်ဘူး..."

မြို့တော်ဝန်၏ စကားဆုံးသည်နှင့် စောစောက ငြိမ်သက်သွားသော လူအုပ်ကြီးမှာ တစ်ဖန်ပြန်၍ ဆူညံလာကြပြန်သည်။ စွန်းကျားရှီ က လော်စပီကာကို တစ်ဖန်ပြန်ကိုင်လိုက်ပြီး ပြောလိုက်ပြန်သည်။

"အခုလောလောဆယ် အကောင်းဆုံးနည်းလမ်းကတော့ အစားအစာအလုံအလောက်ယူပြီး လွတ်မြောက်လိုဏ်ခေါင်းထဲမှာ ပုန်းနေဖို့ပါပဲ... ရေခဲတွေ လုံးလုံး အရည်ပျော်သွားပေမယ့် ဇွန်ဘီတွေ ကျွန်းကို ရောက်လာတယ်ဆိုရင်လည်း ငါတို့ ယွင်ကျင့် မြို့ကို ပြန်သွားကြရမှာပဲ..."

စွန်းကျားရှီ ၏ အသံဆုံးသွားသည်နှင့် တပြိုင်နက် လူအများက တစ်ဖန်ပြန်၍ ဆူညံနေကြပြန်သည်။ ထို့နောက် အသက်လေးဆယ်ခန့်ရှိ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် လူအုပ်ရှေ့သို့ လျှောက်လာပြီး ပြောလိုက်၏။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now