ဇွန်ဘီမလေးယန်ဟန်

169 15 0
                                    

Chapter 55

ယန်ဟန်က တံခါးအပြင်ဘက်တွင် ရပ်နေသဖြင့် သူတို့ ပြောဆိုနေကြသည်ကို ရှင်းရှင်းလင်းလင်း မကြားရပေ။ လူလတ်ပိုင်း အမျိုးသားသည် စကားအနည်းငယ် ပြောပြီးနောက် ဆေးထိုးအပ်ကိုထုတ်ကာ ဇွန်ဘီဗိုင်းရပ်စ်ပိုးကို ဟန်ခိုင်အား ထိုးသွင်းလိုက်လေသည်။

ယန်ဟန် သည် ထိုလူကြီးကို တားမြစ်ရန် အခန်းထဲသို့ အပြေးအလွှား ဝင်သွားချင်သော်လည်း သူမ ကိုယ်သည် လှုပ်မရသဖြင့် နေရာမှ မရွေ့နိုင် ဖြစ်နေသည်။ သူမက အခန်းထဲမှ တိုင်ကပ်နာရီကို ကြည့်လိုက်ရာ ၁၂နာရီ ၅၁မိနစ် ရှိပြီ ဖြစ်သည်။ ထိုလူကြီးသည် ဟန်ခိုင် ၏ ခန္ဓာကိုယ်ထဲသို့ ဗိုင်းရပ်စ်ကို ထိုးသွင်းပြီးနောက် စကားအနည်းငယ်ပြောကာ တံခါးကိုပိတ်၍ ထွက်သွားလေသည်။

တံခါးပိတ်သွားသည်နှင့် ယန်ဟန် သည် အိမ်မက်မှ လန့်နိုးလာပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူမသည် ပင်လယ်ထဲသို့ မနစ်မြုပ်သွားဘဲ ရေပေါ်တွင် ပေါလောပေါ်နေသည်ကို အံ့ဩစြာ တွေ့ရလေသည်။ သူမသည် မည်မျှကြာအောင် အေးခဲလွန်းလှသော ပင်လယ်ရေထဲတွင် မျောနေမှန်းမသိဘဲ ယခု နိုးလာသည့်အခါနေ့ခင်းကြောင်တောင် ဖြစ်နေသည်။

ယန်ဟန် က သူမကိုယ္သူမ ကြည့်လိုက်ရာ အနက်ရောင် အဝတ်အစားတို့မှာ တချို့နေရာများတွင် ပြဲနေသဖြင့် အသက်ကယ်အင်္ကျီကို မြင်ရလေသည်။ လင်းဟယ် က အမှန်တစ်ကယ်ပင် သူမအတွက် ကံကောင်းစေသော ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လေသည်။ အကယ်၍ လင်းဟယ် ပေးခဲ့သော ပစ္စည်းများမရှိလျှင် သူမ ယွင်ကျင့် မြို့မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သူမ ပင်လယ်ထဲတွင် ခဏမျှ ကူးခတ်ပြီးသောအခါ အေဝးမွ ကျွန်းတစ်ခုကို လှမ်းမြင်လိုက်ရလေသည်။ ပင်လယ်ပြင်ကြီးသည် နေရာတိုင်းတွင် ရေချည်းသာ ရှိနေသဖြင့် မည်သည့်လမ်းမှ ကျွန်းဆီသို့ သွားရမည်ကို သူမ မသိတော့ပေ။

သို့သော်လည်း ယန်ဟန်သည် မှန်းဆ၍ မွုန္ပ်ပ်သာ မြင်ရသော ကျွန်းငယ်လေးဆီသို့ ကူးခတ်သွားလိုက်သည်။

တစ်နေ့လုံး ကူးခတ္လာရာ တဖြည်းဖြည်း နှင့် နေဝင်ပြီး မှောင်လာလေ၏။ ကံကောင်းစွာနှင့် ညဘက်တွင် ကျွန်းပေါ်တွင် အလင်းရောင်များ ရှိနေသဖြင့် သူမလမ်းပျောက် မသွားပေ။ ကျွန်းနှင့် နီးကပ်လာသည်နှင့်အမျှ ယန်ဟန်သည် ကျွန်းကို တဖြည်းဖြည်းမြင်လာသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now