Chapter 42
ယန်ဟန်သည် ဓာတုဗေဒ စက်ရုံကို ဟိုးယခင်က ရောက်ဖူးပြီး မနေ့ညက အိပ်ရာမဝင်မီ အကြံရသွားခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူမသည် ထိုဓာတုစက်ရုံ၏ တည်နေရာ အတိအက်ကို မမှတ်မိတော့ဘဲ ယွင်ကျင့်မြို့၊ ကျွန်းဧရိယာရွိ စက်မှုဇုန်တွင်ရှိသည်ကိုသာ မှုန်ဝါးဝါး သတိရမိလေသည်။
ယန်ဟန် ကျွန်းဧရိယာထဲသို့ ဇွန်ဘီဘုရင် နှင့်အတူ သွားနေကြစဉ် ရုတ်တရက် နောင်တရသွားမိသည်။
သူမက လက်ထဲမှ သေနတ်ကို သတိဖြင့် ကိုင်ထားလိုက်ပြီး ဇွန်ဘီဘုရင်အား ပြောလိုက်သည်။
"ယွင်ကျင့် မြို့မှာရှိတဲ့ ဓာတုစက်ရုံတွေက ကျွန်းဧရိယာမှာရှိတဲ့ စက်မှုဇုန်ရဲ့ ဘေးမှာ ရှိတယ်...ဇွန်ဘီကြီးက ကျွန်းဧရိယာမှာ ရှိနေလောက်တယ်...အဲ့ဒါကြောင့် ကျွန်းကို မသွားရင် ပိုကောင်းမယ်...အန္တရာယ်များတယ်...."
ဇွန်ဘီဘုရင်ကလည်း ခေါင်းတညိတ်ညိတ်နှင့် တွေးနေပုံရသည်။
"အဲ့ဒီအစား ကျွန်းဧရိယာရဲ့ ဆန့်ကျင်ဘက်က ရှီကျိုး ခရိုင်ကို သွားကြရအောင်...ဇွန်ဘီကြီးက အစွမ်းထက်ပေမဲ့ ကျွန်းဧရိယာနဲ့ အလှမ်းဝေးနေတော့ တို့ဘက္ကို အာရုံမလှည့်နိုင်လောက်ဘူး....ပြီးတော့ ကျွန်းဧရိယာက ဇြန္ဘီတွေကိုပဲ သူတိုက်ပါစေဦး..."
"ဟုတ်ပြီ....နင့်သဘောကို ငါနာခံမွာပါ..."
ယန်ဟန်က ထိုစကားကြောင့် သူ့ကို ပြုံးပြချင်သော်လည်း သူမ၏ မျက်နှာမှာ လှုပ်ရှား၍မရသဖြင့် စိတ်ထဲတွင်သာ ပြုံးပြလိုက်သည်။
ထိုစဉ် ယန်ဟန်သည် တစ္စုံတစ္ခု ဖြစ်ပျက်နေသည်ကို သတိပြုမိပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အခြေအနေမကောင်းကြောင်း တွေ့လိုက်ရလေ၏။
"ဒီနားက ဇွန်ဘီတွေ ငါတို့နားကို တဖြည်းဖြည်း ဝိုင်းလာသလိုပဲ...."
ယန်ဟန်က ဇွန်ဘီဘုရင်ကို ပြောလိုက်သည်။
"ဟုတ်တယ်... သူတို့ကို ကြည့်ရတာ တစ်ယောက်ယောက်ရဲ့ အမိန့်ကို နာခံနေပုံရတယ်....တဖြည်းဖြည်း ငါတို့နားကို ဝိုင်းလာကြပြီး အရေအတွက်ကလည်း များများလာတယ်..."