ဇွန်ဘီမလေးယန်ဟန်

169 17 0
                                    

Chapter 54

ဟန်ခိုင် သည် မီးဖိုခန်းထဲသို့ ရောက်လာသော ရှန်ရှန် ကို ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။ ထို့နောက် အားကနဲ အော်လိုက်ပြီး မီးဖိုချောင်သုံးဓားဖြင့် ရှန်ရှန်ကို ခုတ်ပစ်လိုက်လေသည်။ ထိုအချိန်တွင် သူကိုယ္သူ ရူးသွားသလို ခံစားရပြီး ဓားဖြင့် ရှန်ရှန်ကို အချက်ပေါင်းများစွာ ခုတ်ပစ်လိုက်လေတော့သည်။

ရှန်ရှန် ၏ အသားစမ်ား၊ ဦးခေါင်းခွံ၊ ဦးနှောက်များနှင့် သွေးများမှာ ကြမ်းပြင်ပေါ် နေရာအနှံ့ ဖိတ်စင်သွားလေသည်။ဟန်ခိုင် မီးဖိုချောင်ကြမ်းပြင်ပေါ်မှ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြင်လိုက်ရသောအခါ ဗီရိုကိုကိုင်ကာ အားယူထလိုက်ပြီး စားထားသမျှ ညစာအားလုံးကို အန်ထုတ်ပစ်လိုက်လေသည်။ ညစာမ်ား ကုန်သွားသောအခါတွင် အအန်မရပ်သေးဘဲ ချဉ်စုတ်စုတ် အရည်များကို ထိုးအန်လိုက်သေးသည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ရှန်ရှန် ၏ သွေးများဖြင့် ပေကျံနေကာ သန့်ရှင်းသော နေရာဟူ၍ မရှိတော့ပေ။

သူ အိပ်ခန်းထဲသို့ သွားရန်ပြင်လိုက်စဉ် သူ၏ အေးစက်နေသော မျက်နှာမှာ တစ်စုံတစ်ခုကြောင့် အနည်းငယ် နွေးထွေးသွားလေသည်။

သူ စမ်းကြည့်လိုက်ရာ စီးကျနေသော မျက်ရည်ပူများ ဖြစ်လေတော့သည်။

ထို့နောက် အိပ်ခန်းထဲသို့ဝင်၍ တံခါးကိုလော့ခ်ချ မေနေတာ့ဘဲ ခုတင်ပေါ်ပစ်လှဲ၍ သေခြင်းတရားကို စောင့်မျှော်နေလိုက်သည်။

ဟန်ခိုင် တဖြည်းဖြည်း တွေးလာမိသည်မှာ လမ်းမပေါ်ရှိ "ရန်ဖြစ်နေသော လူမ်ား" နှင့် ရှန်ရှန် တို့သည် ပုံမွန္လူမ်ား မဟုတ်နိုင်တော့ပေ။

ဇွန်ဘီတွေလား...

ထိုစကားလုံးက သူ့စိတ်ထဲတွင် ဖ်ပ္ကနဲ ပေါ်လာလေ၏။

သူ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကျက်ကို ကြောင်စိီစီ စိုက်ကြည့်နေမိသည်။ သူ့ပခုံးမှ ဒဏ်ရာက နာကျင်ကိုက်ခဲလာပြီး ဦးခေါင်းကြီးပါ ပေါက်ထွက်၍ ဦးနှောက်များ ထွက်လာလုမတတ် ခံစားနေရလေသည်။ ထို့နောက် ငေးမောကာ လှဲနေရင်း အိပ်ပျော်သွားလေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now