Chapter 49
လင်းဟယ် ထွက်သွားပြီးနောက် ယန်ဟန်သည် ကျွန်းသို့သွားမည့် ကိစ္စကို ဝေခွဲမရ ဖြစ်နေမိလေသည်။
သူမ အဘယ်ကြောင့် ကျွန်းကို သွားချင်ရသနည်း။
အကြောင်းရင်းများစွာရှိသည့်အနက် အရေးကြီးဆုံး အချက်မှာ ဟန်ခိုင် နှင့်သက်ဆိုင်လေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် အိပ္မက္တစ္ခုကိုသာ ဆက်တိုက် မက်နေခဲ့လေသည်။
အိပ်မက်၏ အကြောင်းအရာမှာ တူညီနေ၏။ ဟန်ခိုင် ကို ခွေးခြေခုံတွင် ချည်နှောင်ထားပြီး လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက ဇွန်ဘီဗိုင်းရပ်စ်ကို ထိုးသွင်းလိုက်လေသည်။
ယန်ဟန် အိပ်မက်များစွာကို မက်ပြီးသည့်နောက် အိမ်မက်များ၏ သေဘာတရားကို သိလာပြီ ဖြစ်သည်။ အကယ်၍ သူမသည် ရက်ပေါင်းများစွာ တူညီသော အိမ္မက္ကိုသာ ထပ်ခါတလဲလဲ မက်နေပါက၊ ထိုအိပ်မက်အတိုင်း ဖြစ်လာမည့်ရက်သည် နီးကပ်လာပြီဟု ဆိုလိုခြင်း ဖြစ်သည်။
သူမ တခြားမြို့ကိုမသွားချင်သောကြောင့်မဟုတ်ပေ။ တခြားမြို့ကိုသွားပါက အတိတ်တုန်းက ယန်ဟန် အဖြစ်မှ ရှောင်လွှဲနိုင်သောကြောင့်ဖြစ်သည်။
မွန်းတည့်ချိန် ဆယ့်နှစ်နာရီတွင် လင်းဟယ် နိုးလာပြီး မြေအောက်ခန်းမှ ဆီသွတ်ဗူးနှစ်လုံးကို ယူ၍ ထွက်လာလေသည်။ထို့နောက် သူက ဗူးများကိုဖွင့်လိုက်ပြီး ယန်ဟန်ကို ဗိုက္ဆာလား ဟု မေးမြန်းလိုက်သည်။
ယန်ဟန်က ခေါင်းခါလိုက်သည်။
လင်းဟယ် က စည်သွပ်ဘူးထဲမှ အစားအစာကို စားကြည့်လိုက်ရာ အရသာမွာ ဆိုးပုံရပြီး သူ့မျက်နှာမှာ ရှုံ့မဲ့သွားလေတော့သည်။
"အို...ဒါနဲ့ မင်းတို့ ဇွန်ဘီတွေက လူ့အသားကို စားတယ်နော်..."
ယန်ဟန်က ခေါင်းယမ်းကာ စာရွက်ပေါ် ချရေးလိုက်ပြန်သည်။
"ဟင့်အင်း...ကျွန်မ လူသား မစားတာအတော်ကြာနေပြီ..."
"ဗိုက်မဆာဘူးလား..."
"တခါတေလ ဗိုက်ဆာလာတတ်တယ်... ကျွန်းကို အရင်တစ်ခါ သွားတုန်းက လူတွေကို ကိုက်ပစ်ချင်ပေမယ့် ထိန်းထားနိုင်ခဲ့တယ်လေ..."