ဇွန်ဘီမလေးယန်ဟန်

184 20 0
                                    

Chapter 38

ကျီဟုန်ယီ သည် စောင့်ကြည့် ဗီဒီယိုကို အကြိမ်ပေါင်းများစွာ အပြန်ပြန် အလှန်လှန် ကြည့်ပြီးသောအခါ သူ့ရင်ထဲတွင် ရှိနေသော သံသယမ်ားကို ဖြေရှင်းနိုင်ခဲ့သည်။

ကျီကျောက်ယန်၊ဟန်ခိုင် နှင့် ဇွန်ဘီအမျိုးသမီး ကြားတွင် တစ်ခုခုဖြစ်ခဲ့သည်မှာ သေချာနေသည်။

ထို့နောက် ကျီဟုန်ယီ သည် ကွန်ပြူတာကို ပိတ်လိုက်ပြီး တံခါးကို အမြန်သော့ခတ်ကာ CDC သို့ သွားလိုက်သည်။ ဓာတ်ခွဲခန်း အမှတ်-၇၁၂၏ တံခါးမွာ ဝှက်ထားခြင်း ဖြစ်၍ သူကတံခါးကို သိနေသဖြင့် ဖွင့်၍ ဝင်သွားလိုက်သည်။

ဓာတ်ခွဲခန်းထဲတွင် ဇွန်ဘီလှောင်အိမ် ရှိနေသော်လည်း အတွင်း၌ ဇြန္ဘီ မရှိပေ။ ကျီဟုန်ယီ သည် ဓာတ်ခွဲခန်းပတ်ပတ်လည်ကို သေသေချာချာ ကြည့်ပြီးနောက် စမ်းသပ်စင်ဘက်သို့ လှည့်ကြည့်လိုက်ရာ စမ်းသပ်စင်၏ ဗီဒိုမ်ားမွာ တစ္ခုမွ သော့ခတ်မထားပေ။

ကျီဟုန်ယီ သည် ဗီဒိုမ်ားကို တစ်ခုပြီး တစ္ခု ဖွင့်လိုက်ရာ ကျီကျောက်ယန် ၏ စမ်းသပ်မှု မှတ်တမ်းများကို တွေ့ရသည်။ သူသည် ကျီကျောက်ယန် ၏ စမ်းသပ်မှတ်တမ်းများကို ကြည့်လိုက်ပြီး အချက်အလက် နှစ်ခုရရှိခဲ့သည်။

တစ္ခုမွာ ဇြန္ဘီ အမျိုးသမီး၏ အမည်သည် ယန်ဟန် ဖြစ်ပြီး နောက်တစ်မျိုးမှာ သူမ၏ခန္ဓာကိုယ်တွင် ပုံမှန်သက်ရှိဆဲလ်များ ရှိနေပြီး ယင်းသက်ရှိဆဲလ်များကို R ဗိုင်းရပ်စ်က မတိုက်ခိုက်နိုင်ပေ။

ထို့နောက် ကျီဟုန်ယီ သည် စမ်းသပ်မှု မှတ်တမ်းများကို အိတ်ထဲထည့်ကာ ဟန်ခိုင် ကိုရှာရန် ၅ထပ်သို့ သွားလေသည်။ သူ အတည်ပြုနိုင်သည့် တစ်ခုတည်းသော အချက်မှာ ဟန်ခိုင် သည် သားဖြစ်သူ ပျောက်ဆုံးနေမှုနှင့် ပတ်သက်မှုတစ်ခုခု ရှိနိုင်သည့် အချက်ဖြစ်လေသည်။

ထို့နောက် ကျီဟုန်ယီ သည် ၅ ထပ်ရှိ ဟန်ခိုင် ၏ ဓာတ်ခွဲခန်းသို့ ရောက်လာပြီး တံခါးခေါက်လိုက်လျှင် အထဲမွ သုတေသီ အမျိုးသမီး၏ အသံကို ကြားရလေသည်။

"အထဲဝင်ခဲ့ပါ.. တံခါးက သော့မခတ်ထားဘူး... "

ကျီဟုန်ယီ က တံခါးကိုဖွင့်ပြီး ဝင်သွားလိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now