ဇွန်ဘီမလေး ယန်ဟန်

135 11 0
                                    

Chapter 81

လင်းကျင်းရှု ပြောသည့် အဖွဲ့လိုက် လုပ်ရမည့် အလုပ်မှာ အစားအစာများနှင့် သောက်ရေကို အရှာထွက်ခြင်း ဖြစ်လေသည်။ စခန်းသို့ ပထမဆုံး ရောက်လာသောအခါက လက်နက်ကိုင်တပ်ဖွဲ့၏ စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် စားနပ်ရိက္ခာနှင့် ရေကို ရှာဖွေရန် ထွက်လာကြသည်။ ခဏအကြာတွင် သူတို့က မြို့တော်ဝန် စွန်း အား စောဒကတက် ကြလေတော့သည်။

“ကျွန်တော်တို့မှာ ညဉ့်နက်တဲ့အထိ ကင်းစောင့်ရတယ်...ပြီးတော့ အစားအသောက် ရှာတာလည်း ကျွန်တော်တို့ပဲ....ဘာလို့ ခြေတွေ လက်တွေ  အကောင်းကြီး ရှိတဲ့သူတွေက ဇိမ်နဲ့ထိုင်နေပြီး အစားအသောက်တွေ သူတို့ပါးစပ်နားရောက်တဲ့အထိ ထိုင်စောင့်နေကြတာလဲ....”

မြို့တော်ဝန် စွန်း ကသာ တာဝန်ယူ ဖြေရှင်းမပေးပါက သူတို့သည် အစားအသောက် ထွက်ရှာတော့မည်မဟုတ်ဘဲ အငတ်ခံမည့်သဘောရှိ၏။  မြို့တော်ဝန် စွန်းမှာ အဖွဲ့ဝင်များကို မလွန်ဆန်နိုင်၍  သူတို့နှင့် တိုင်ပင်လိုက်ပြီး စခန်းရှိ လူ ၃၀၀ ကျော်ကို အဖွဲ့ ၂၁ ဖွဲ့ ခွဲလိုက်လေသည်။ အဖွဲ့တစ်ဖွဲ့စီသည် အစားအသောက်နှင့် ရေကိုရှာဖွေရန် အလှည့်ကျ အပြင်ထွက်ရမည် ဖြစ်လေသည်။ လင်းကျင်းရှု၊ ဟန်ခိုင် နှင့် ယန်ဟန် တို့မှာ တစ်အုပ်စုတည်းတွင် ကျသွားပြီး သူတို့အလှည့်မှာ မနက်ဖြန်ဖြစ်သည်။

ယန်ဟန်သည် ဓာတ်ခွဲခန်းတံခါးကို ဖွင့်လိုက်ပြီး လင်းကျင်းရှူ အား ပြုံးပြ၍ နှုတ်ဆက်မည်ပြုသော်လည်း လင်းဂျင်ရှူးက သူမကို ရှိသည်ဟုပင် မအောက်မေ့ဘဲ ဟန်ခိုင် ဆီ တည့်တည့်‌ လျှောက်သွားလေ၏။

ယန်ဟန် စိတ်မဆိုးမိပေ။ လင်းကျင်းရှုသည် ကလေးစိတ် မကုန်သေးသူမှန်း သူမ သိနေသဖြင့် ညှာတာခွင့်လွှတ်ထားပြီး ဖြစ်လေသည်။

"အစ်ကို ဟန်...ညီမတို့ မနက်ဖြန် တာဝန်ကျတယ်မလား..ညီမ အရမ်းကြောက်တာပဲ..."

လင်းကျင်းရှု က ဟန်ခိုင် ဘေးတွင်ထိုင်ကာ ချစ်စရာကောင်းအောင် ပြောလိုက်သည်။ ယန်ဟန် မှာ လင်းကျင်းရှု ၏  ကလေးဆန်ပြီး မရင့်ကျက်သေးသော ပုံစံကြောင့် အနားတွင် ရပ်နေရင်း ခေါင်းခါလိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now