ဇွန်ဘီမလေးယန်ဟန်

194 21 0
                                    

Chapter 27

CDC တွင် ကာကွယ်ဆေးများ ထုတ်ဖော်နိုင်ရန် ဇြန္ဘီမ်ားကို သီးခြားခန်းများတွင် ဖမ်းဆီးထားကြသည်။ ထိုသီးခြားခန်းများသည် CDC အဆောက်အဦး၏ အပေါ်ထပ်တွင် ရှိလေသည်။ "၅.၁၇ ဖြစ်ရပ်" ကဲ့သို့ အဖြစ်အပျက်များ ထပ်မဖြစ်စေရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့ ဝန်ကြီးက အဖွဲ့သားများကို သီးခြားခန်းများအား စောင့်ကြည့်စေရုံ သာမကဘဲ အထူးအဖွဲ့ဝင် သုံးဦးကိုလည်း ၂၄ နာရီလုံး အလှည့်ကျ စောင့်ကြည့်ရန် တာဝန်ပေးထားလေသည်။

ဟန်ခိုင် ဖုတ်ကောင်၏ အသားစမ်ားကို ယူရန် သီးခြားခန်းသို့ ရောက်လာစဉ် ယန်ဟန့် ကိုလိုက်ရှာသော်လည်း သီးခြားအခန်းများတွင် ရွိမေနေပ။ ကျီကျောက်ယန် က ယန်ဟန့်ကို သီးခြားခန်းထဲတွင် သော့ခတ်ထားမည် မဟုတ်မှန်း ရိပ်စားမိသော်လည်း တွေ့လိုတွေ့ငြား ရှာကြည့်မိခြင်း ဖြစ်လေ၏။ ထို့အပြင် ကျီကျောက်ယန် က ယန်ဟန် ကို တစ်ဦးတည်း သီးခြား ပိတ်လှောင်ထားပါက သူမကို ပြန်ကယ်ရန် ခက်ခဲမည် ဖြစ်သည်။

ဟန်ခိုင် သည် ဟိုဒီလှည့်ပတ် ကြည့်လိုက်ရာ ဂိမ်းကို ပျင်းတိပျင်းရွဲ ကစားနေသည့် ရှောင်ချန်ကို မြင်လိုက်သဖြင့် သူလည်း ထိုင်ပြီး စကားစမြည် ပြောလိုက်သည်။

ရှောင်ချန် သည် CDC တွင် ပါးစပ်ဖွာသော လော်စပီကာကြီး ဖြစ်ပြီးဓာတ်ခွဲခန်းရှိ သုတေသီများ၏ သတင်းအမျိုးမျိုးကို လိုက်လံမေးမြန်းပြီး က်န္လူမ်ားကို အာပေါင်အာရင်း သန်သန် ပြန်ပြောတတ်သူ ဖြစ်၏။

"ရှောင်ချန် ...မင်း ခုတစ်လော နာမည်ကြီးနေတဲ့ သတင်းကြီး အကြောင်းပြော..."

ရှောင်ချန်သည် ပရော်ဖက်ဆာ ဟန္ကစကားစလိုက်သဖြင့် ဂိမ်းဆက်မဆော့တော့ဘဲ ဓာတ်ခွဲခန်းအတွင်းရှိ အချို့ သုတေသီများ၏ အချစ်ရေး၊အချစ်ရာ ကိစ္စများကို တတွတ်တွတ်ပြောနေလေတော့သည်။ သူလိုချင်သော အဖြေမဟုတ်သဖြင့် ဟန်ခိုင် စိတ်ညစ်သွားသည်။

သူ အားနာနာနှင့် အတန်ကြာ နားထောင်ပေးနေရာမှ ရှောင်ချန် စကားပြော နေစဉ် အမြန်ကြားဖြတ် ပြောလိုက်သည်။

"ရှောင်ချန်... မင်းပြောသမျှအကုန်လုံး သုတေသီတွေရဲ့ အချစ်ကိစ္စတွေချည်းပဲ...ငါငြီးငွေ့လာပြီ...မင်းက ကျွန်းတစ်ခုလုံးရဲ့ နားနှစ်ဖက်ဆို...တျခား သတင်းထူးလေး ဘာလေး မရွိဘူးလား..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now