ဇွန်ဘီမလေးယန်ဟန်

243 25 0
                                    

Chapter 18

နောက်တစ်နေ့ နံနက်စောစောတွင် လီနန်ရှန့် သည် အစီအစဉ်အတိုင်း အဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး စစ်ဆင်ရေး မစတင်မီ အစီအစဉ်များကို ဂရုတစိုက် ရှင်းပြလိုက်သည်။

ဝန်ကြီး ရှုကျုံးဟမ် နှင့် ဌာန အရာရွိ ကျန်းဟိုင် တို့လည်း လာရောက်စစ်ဆေးခဲ့ပြီး လီနန်ရှန့် က ကြိုတင်ကာကွယ်မှုများနှင့် စစ်ဆင်ရေးအစီအစဉ်များအား တင်ပြလိုက််သည်။ ထို့နောက် ကျန့်ဟိုင် နှင့် ရှုကျုံးဟမ် တို့က အဖွဲ့သားများ စိတ်ဓာတ်တက်ကြွရန် စကားအနည်းငယ် ပြောကြပြီး လီနန်ရှန့် က အဖွဲ့အားလုံးကို အနောက်တောင်ဘက်ရှိ တောအုပ်ဆီသို့ ပို့ဆောင်ပေးလေသည်။

စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့သားများသည် သစ်တောကို ဝိုင်းထားရာမှ သစ်တောအလယ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။

ဤနည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်ပြီး တောလယ်သို့ ရောက်သောအခါ ဇြန္ဘီ ၂ကောင် သတ်ပြီးသွားပြီ ဖြစ်သည်။

တောအုပ်ကို ဝိုင်းရံထားစဉ်အတွင်း အဖွဲ့ဝင်များ၏ နေရာမှာ တစ်ဦးနှင့်တစ်ဦး အလှမ်းဝေးနေသဖြင့် လီနန်ရှန့် သည် ဇြန္ဘီ မည်မျှသတ်ပစ်ခဲ့သည်ကို မသိသေးပေ။

"အဖွဲ့တစ်ဖွဲ့စီရဲ့ ခေါင်းဆောင်က ကိုယ့်အဖွဲ့က သတ်ခဲ့တဲ့ ဇြန္ဘီအေရအတြက္ကို တင်ပြပါ.."

အဖွဲ့ခေါင်းဆောင်များ တင်ပြပြီးသွားသောအခါ အချို့အဖွဲ့များသည် ဇွန်ဘီတစ်ကောင်မျှ မသတ်လိုက်ရဘဲ ၊အချို့အဖွဲ့များမှာ တစ်ကောင်၊နှစ်ကောင်သာ သတ်နိုင်ကြသည်။နောက်ဆုံး အားလုံးပေါင်းလိုက်သော် ဇြန္ဘီ ၉ကောင်သာ သတ်နိုင်ခဲ့သည်။

လီနန်ရှန့် က တစ္စုံတစ္ခု မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိကာ အဖွဲ့သားများကို အမြန်ပြန်ဆုတ်ရန် အမိန့်ပေးခဲ့သည်။ စစ်ဆင်ရေး အဖွဲ့သားများ ဆုတ်ခွာရန် အချိန်မရသေးမီ ထူးဆန်းသော အသံတစ္ခု သစ်တောထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး မည်းမည်း အရိပ်ငယ် တစ်ခုသည် ပြေးထွက်လာလေသည်။

"အားလုံး သတိရှိကြ..."

လီနန်ရှန့် က အော်ဟစ်လိုက်ရာ အဖွဲ့သားတိုင်းသည် သေနတ်များကို ချိန်ရွယ်ထားပြီး ပြေးလာနေသော မည်းမည်းအရိပ်ငယ်ကို အသက်ပင်မရှူဝံ့ဘဲ စောင့်ဆိုင်းနေကြသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now