ဇွန်ဘီမလေးယန်ဟန်

196 22 0
                                    

Chapter 29

"မင်းက ဗီဇပြောင်းဇွန်ဘီ တစ်ကောင်ကို ဖမ်းထားတယ်လို့ ပရော်ဖက်ဆာတွေဆီက ကြားရတယ်..."

ကျီဟုန်ယီ က ထမင်းပန်းကန်ထဲသို့ ဟင်းရွက်ကြော်ကို ထည့်လိုက်ရင်း ပြောလေသည်။

ကျီကျောက်ယန်သည် ပရော်ဖက်ဆာများက ဖခင်ဖြစ်သူထံ သတင်းပို့မည်ဟု မထင်မှတ်ထား၍ အံ့အားသင့်သွားသည်။

" ဟုတ်ကဲ့.."

ကျီကျောက်ယန် ခန္ဓာကိုယ်ကို အလိုလို ကျုံ့ထား မိလေသည်။

"မင်းရဲ့ အလုပ်နဲ့ ပတ်သက်ပြီး ငါအမြဲတမ်း စိတ်ချမ်းသာခဲ့ရတယ်... ဒီတစ်ခါ မင်း ဘယ္လို လုပ်...."

စကားတစ်ဝက်မှာတင် ကျီဟုန်ယီ ရပ်ထားလိုက်ပြီး ထမင်းတစ်ဇွန်း စားလိုက်သည်။

ကျီကျောက်ယန် က ဖခင်ဖြစ်သူ၏ စကားကို ဆက်ကြားချင်လှပြီ ဖြစ်၍ စိုးရိမ်တကြီး မေးလိုက်သည်။

"အေဖ... ဘာဖြစ်လို့လဲ..."

"မင်းက စမ်းသပ်မှု ဘာသာရပ္ကို ဖုံးကွယ်ထားတယ်ဆိုပြီး ပရော်ဖက်ဆာတွေ ငါ့ရုံးခန်းမှာ ပြဿနာလာရှာတယ်... ကျောက်ယန် မင်း ဇြန္ဘီကို ဖွက် ထားတာ ငါဘာမွ မပြောလိုပါဘူး...ဒါပေမယ့် မင်း အဲ့ဒီကိစ္စကို ဘယ္သူမွ မသိအောင် ဖုံးကြယ္ထား သင့်တာပေါ့...ဒါရိုက်တာရဲ့သားဖြစ်တဲ့ မင်းက အဲ့လိုလုပ္လို့ ဘယ်ဖြစ်ပါ့မလဲ... မင်းက ငါ့သားဆိုတာ လူတိုင်းသိတယ်... အဲ့ဒီတော့ စမ်းသပ်မှု ဘာသာရပ္ကို ဖုံးကြယ္ထားတာ ငါကိုယ်တိုင်က မင်းကို ခွင့်ပြုထားတာလို့ ထင်ကြလိမ့်မယ်... CDC ရဲ့ ဒါရိုက္တာဟာ ကိုယ်ကျိုးစီးပွား အတွက် ရာထူးအာဏာကို အလြဲသုံးစား လုပ်နေတယ်... CDCက ဘယ်လိုကြီးလဲ...အဲ့ဒီလို ပြောကြတော့မှာပေါ့....မနက်ဖြန်ကျရင် ဓာတ်ခွဲခန်းထဲမှာ ဖြက္ထားတဲ့ ဇြန္ဘီကို သီးခြားခန်းကို ပြောင်းပေးလိုက်...."

ကျီဟုန်ယီက အမိန့်ပေးလိုက်ပြီး တူမ်ားကို စားပွဲပေါ် ချလိုက်သည်။

"စားပြီးရင် ပန်းကန်တွေ ဆေး..."

ကျီကျောက်ယန် သည် ထမင်းစားပွဲမှ ထထွက်သွားသော ဖခင်ကို စိတ်ရှုပ်ရှုပ်ဖြင့် ကြည့်နေမိလေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now