Chapter 91
ကျိုးဝမ်လုံ ထွက်သွားပြီးနောက် လျန့်ချောင် သည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။ခဏအကြာတွင် ဟွမ်ကျစ်ပင်း ၏အခန်းသို့သွားလိုက်သည်။
လျန့်ချောင် က ဟွမ်ကျစ်ပင်း အခန်းတံခါးကို လာခေါက်ချိန်မှာ ဆယ်နာရီထိုးခါနီးပြီ ဖြစ်သည်။ ဟွမ်ကျစ်ပင်း သည် အိပ်ရာဝင်ရန် ပြင်နေစဉ် အခန်းတံခါးခေါက်သံကြား လိုက်ရလေသည်။
"ဘယ်သူလဲ..."
ဟွမ်ကျစ်ပင်း က သမ်းဝေလိုက်ရင်းမေးလိုက်သည်။
"မစ္စတာ ဟွမ်...ကျွန်တော် လျန့်ချောင် ပါ..."
ဟွမ်ကျစ်ပင်း က တံခါးကို အလျင်စလိုသွားမဖွင့်ဘဲ အိပ်ယာခင်းရင်း လှမ်းမေးလိုက်သည်။
" ညကြီးအချိန်မတော်...ဘာကိစ္စရှိလို့လဲ..."
"မစ္စတာ ဟွမ်...အခု လုပ်စရာတွေ အရမ်းများနေပြီ...ကျွန်တော် ပြောပြမယ်.... အဲဒါ… ကာကွယ်ဆေး ကိစ္စပါ....”
ဟွမ်ကျစ်ပင်း က ယခုလာရသည့် ကိစ္စကို စိတ်ဝင်စားသွားစေရန် လျန့်ချောင်က ကာကွယ်ဆေးအကြောင်း ထည့်ပြောလိုက်သည်။ ကာကွယ်ဆေးအကြောင်း ကြားလိုက်သည်နှင့် ဟွမ်ကျစ်ပင်း သည် အိပ်ယာခင်းနေတာကို ရပ်ထားလိုက်ပြီး သူ့လက်ထဲက စောင်ကို ချလိုက်ကာ တံခါးကို ပြေးဖွင့်လိုက်သည်။
လျန့်ချောင် ဝင်လာပြီး တံခါးမပိတ်ခင် ဟွမ်ကျစ်ပင်း က မေးလိုက်သည်။
"ယန်ဟန် က ကာကွယ်ဆေး တီထွင်လိုက်တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား"
လျန့်ချောင် က အခန်းအပြင်ဘက်ကို ခေါင်းပြူလိုက်ပြီး အပြင်ဘက်တွင် တခြားလူများရှိ၊မရှိကို စစ်ဆေးလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
“တီထွင်လို့ ရခါနီးနေပြီ... ဒါပေမယ့် အကုန်လုံး မလေ့လာရသေးဘူး... ကြွက်တွေကို စမ်းသပ်ကြည့်လိုက်တာ ရန်လိုတာတွေတော့ သိသိသာသာ လျော့သွားတယ်တဲ့...အဲ့ဒီပြန်ကောင်းလာတဲ့ ကြွက်တွေကလည်း R ဗိုင်းရပ်စ် မကူးစက်ထားတဲ့ ကြွက်တွေနဲ့လည်းမတူဘူး... နောက်တစ်ဆင့်ကတော့ လူမှာ စပြီး စမ်းသပ်မယ်လို့ ယန်ဟန်ကပြောတယ်...."