ဇွန်ဘီမလေးယန်ဟန်

175 22 0
                                    

Chapter 40

ယန်ဟန်သည် ပင်လယ်ပြင်တွင် မည်မျှကြာအောင် လှော်ခတ်လာမှန်းမသိပေ။ သူမသည် အိပ်ပျော်ခါနီးတွင် ကနူးလှေပေါ်သို့ လှော်တက်ကို တင်ထားလိုက်ပြီး အိပ်စက်လိုက်သည်။ထို့နောက် သူမနိုးလာသောအခါမှ ယွင့်ကျင့် မြို့သို့ ဆက်လက် လှော်ခတ်လိုက်သည်။

ယွင်ကျင့်မြို့၏ ဆိပ်ကမ်းသို့ ကပ်လိုက်သည်နှင့် သူမ၏ အသိုက္ဆီသို့ သွားလိုက်သည်။

ယန်ဟန်သည် အသိုက္သို့သြားရာ လမ်းတွင် ယွင်ကျင့်မြို့၌ တစ္ခုခု ဖြစ်ပျက်နေသည်ကို သူမ တွေ့ရလေသည်။ အကြောင်းမှာ လမ်းမပေါ်တွင် ဇြန္ဘီမ်ား မရှိသလောက် ဖြစ်နေပြီး တစ်မြို့လုံး တိတ်ဆိတ်နေကြသည်။

ယန်ဟန် ယွင်ကျင့်မြို့မှ ထွက်သွားစဉ်က ထူးခြားသော တစ်စုံတစ်ရာ ဖြစ်ပျက်သွားပုံရသည်။

မြို့ထဲက ဇွန်ဘီတွေ ဘာလို့ပျောက်သွားကြတာလဲ....ပျက်ကပ်စိုက်နေတာလား...

ယန်ဟန်သည် ထိုသို့တွေးလိုက် သောအခါ ရင်ထဲတွင် အမည်မသိဝေဒနာတစ်ခု ဖြစ်ပေါ်လာရသည်။

အကယ်၍ သူမသာ ဆိုးရွားသည့် အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ပါက အဆောက်အဦး တစ်ခုခုတွင် သူမ ပုန်းအောင်း နေမည် ဖြစ်သည်။

ယန်ဟန်သည် ထိုအတွေးဖြင့် အနီးရွိ ရုံးခန်း အဆောက်အဦးထဲသို့ ဝင်လိုက်ရာ ဇြန္ဘီအမ်ားအျပား ပုန်းနေသည်ကို တွေ့ရပြီး ထိုဇွန်ဘီများသည် ရုံးအဆောက်အဦး၏ အထပ်တိုင်းတွင် ရှိနေကြပြီး အပြင်မထွက်ရဲ ကြပုံပေါက်နေလေသည်။

ထိုစဉ် ရုံးအဆောက်အဦး၏ အပြင်ဘက်ရှိ လမ်းပေါ်မှ ထူးဆန်းသော အသံတစ္ခု ရုတ်တရက်ထွက်ပေါ်လာသောအခါ သူမ အံ့ဩသွားမိသည်။

ယန်ဟန်က ပြတင်းပေါက်အနီးတွင် ကိုယ္ကို ဝပ်လိုက်ပြီး ဂရုတစိုက် နားထောင်ကြည့်သည်။ ထိုအသံကို ကြားသောအခါ ဇြန္ဘီမ်ား၏ အမူအရာများသည် ထိတ်လန့်တုန်လှုပ် နေကြသည်။

ယန်ဟန်သည် ပြတင်းပေါက်နားတွင် လဲလျောင်းနေစဉ် ချောင်းကြည့်လိုက်ရာ မကြာမီ ကိုယ်ခန္ဓာ အရွယ်အစား ပိုကြီးသည့် ဇြန္ဘီ တစ်ကောင်ကို သူမ တွေ့လိုက်ရ၏။ ထိုဇွန်ဘိီကြီးသည် လမ်းတွင်တွေ့သမျှ ဇြန္ဘီမ်ားကို ရိုက်နှက်၍ တွန်းထုတ်ပစ်နေလေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now